"CAN I get your phone number?"
"......."
"you don't want to give me??.."
"......"
"It's o..."
"Korean လိုပြောလဲရတယ် Chinese လိုပြောလဲရတယ် တကူးတက English လိုပြောနေစရာမလိုဘူး"
"...."
" အဲ့ဆိုပေးလေ "
" လေယာဉ်ပေါ်က ဆင်းပြီးရင် တွေ့ဖို့မှမသေချာတော့ပဲ ယူပြီးဘာလုပ်မှာလဲ "
" အာ.. ဟုတ်သားပဲ စိတ်ရှုပ်သွားရင် မီယန်း မြောင်ဟိုရား "
ပြောပြီးတာနဲ့ တခြားဖက် လှဲ့ပြီး အိပ်တော့မဲ့သူကိုကြည့်ပြီး သူလဲ အိပ်ဖို့ပြင်ရတော့မယ်ဆိုတာသတိရသွားတယ်ဆိုပေမဲ့ သူဆိုတဲ့လူက လေယာဉ်ပေါ်မှာ ဘယ်တော့မှမအိပ်ပဲလေ"
___________________
5hr ago..လေယာဉ် ဆင်းသက်တော့မှာဖြစ်ကြောင်း လူကြီးမင်းတို့ကို အသိပေးပါတယ်။
လေယာဉ်မယ် လေးတွေ ရဲ့အသံကြားမှပဲ မြောင်ဟို တွေးနေတဲ့အတွေးက လက်ဖျောက်တီးသလို ချက်ခြင်းပျောက်သွားသည်။
ဆင်းတော့မှာမို့ ဘေးကလူကိုကြည့်လိုက်တော့ပုံမပျက်ပဲ အိပ်နေဆဲပင်
နောက်တော့ လွန်ခဲ့တဲ့ 4နာရီလောက်က မင်ဂယူ ပြောခဲ့တဲ့စကားက ခေါင်းထဲပေါ်လာတာကြောင့် အိတ်ထဲက ဘောပင်ကို ထုတ်လိုက်ပြီး note မှာ ချရေးလိုက်ဖို့ပဲဆုံးဖြတ်လိုက်သည် အိပ်နေတဲ့သူကိုမှ မနိုးချင်တာကြောင့်။
" ig acc username" I hope to see you again mingyu.. "
-seo myunghao
ရေးထားတဲ့ note လေးကို ဆွဲဖြုတ်လိုက်ပြီး မင်ဂယူ့ အိတ်ထဲတွင် ထည့်ထားလိုက်သည်။ သူတွေ့မလား မတွေ့ဘူးလားဆိုတာကိုတော့ မြောင်ဟိုမသိပဲလေ။
တွေးနေစဉ်မှာပဲ လေယာဉ်ဆင်းသက်လေပြီ
စိတ်လှုပ်ရှားသည်လေ Korean မှာ 5နှစ်လောက်နေခဲ့တာ အလဟသက်မှမဟုတ်ပဲ.. ပြီးတော့သူမြင်ချင်သေးသည် ထိုမိန်းမ မျှော်လင့်ထားသလိုဖြစ်မလာနိုင်တာမို့ ထိုမိန်းမ ဖြစ်သွားမဲ့ ပုံကိုမြင်ယောင်ကြည့်ပြီး ပြုံးမိသွားသည်။မြောင်ဟို လေယာဉ်ပေါ်က ဆင်းခါနည်း မင်ဂယူ့ကို တချက်ကြည့်လိုက်ပြီး " ရေစပ်ပါရင် ထက်တွေ့ကြတာပေါ့ ကင်မ် " လို့ သူတစ်ယောက်ပဲကြားနိုင်မဲ့ အသံနဲ့ပြောလိုက်ပေမဲ့ ထိုလူကြားသွားသလားတော့မသိပါ ..