🧝Chapter 8
ရန်သာ့လန်အိမ်တွင်းသို့ခြေချလိုက်စဥ်မှာပင်ကြံရမရသော မြောင်ဟယ်မှာ သူ့ကိုယ်အား ရန်သာ့လန်၏ရင်ခွင်တွင်းသို့ပစ်၀င်လျက် ဧည့်ခန်းထံသို့ ကြောက်ရွံ့နေပုံဖြင့် လက်ညှိုးထိုးပြလိုက်သည်
"ကျွန်..ကျွန်တော်တစ်ခုခုတွေ့လိုက်တယ်၊ ငါ့ခြေထောက်အောက်ကဖြတ်ပြေးသွားတာ ကြွက်များလားမသိဘူး"
မြောင်ဟယ်မှာ ရန်သာ့လန်အားမလွတ်တမ်းဖက်တွယ်ထားလျက် ထိုအခန်းသို့ဆွဲခေါ်လာခဲ့သည်၊
"ကျွန်တော် ကြွက်ကြောက်တယ်၊ ကူပြီးရှာပေးပါနော် မတွေ့မချင်းတစ်ညလုံးအိပ်ပျော်မှာမဟုတ်ဘူး"
ရန်သာ့လန်မျက်မှောင်ကျုံ့လိုက်မိသည်၊
အိမ်တွင်ကြွက်ကိုတစ်ခါမျှမတွေ့ခဲ့ဖူးပေ၊ ယခုလည်းအရိပ်အယောင်ကိုပင်မခံစားမိသော်လည်း ကောငယ်လေးကြောက်ရွံ့နေသည်မှာ ဟန်ဆောင်နေပုံမပေါက်တာကြောင့်သူကနှစ်သိမ့်ပေးလိုက်သည်၊"ဘာမှမဖြစ်ဘူး၊ ဖမ်းပေးမယ်"
မြောင်ဟယ်ကညှိုးနွမ်းစွာပြုံးလျက်
"ဒါဆိုဒီမှာစောင့်နေမယ်နော်"ရန်သာ့လန်က ကိုယ်ပျောက်ကြွက်အား ကြောင်အိမ်များဗီဒိုများအနှံ့စတင်ရှာဖွေနေစဥ်တွင် မြောင်ဟယ်က သူလုပ်ထားသော ထပ်တရာမုန့်များကို ခြင်းတောင်းထဲ အလျင်အမြန်ထိုးထည့်လိုက်သည်
ထို့နောက်တွင် ဧည့်ခန်းနှင့်နောက်ဖေးခန်းဆက်နေသောတံခါးအား ပိတ်ချလိုက်လေသည်။ရန်သာ့လန်က ရှာဖွေပြီးနောက်မတွေ့ကြောင်းပြောကာ ပြန်လာလျှင် သူ၏မျက်နှာကဖြူဖျော့သွားလျက် ရန်သာ့လန်ကိုဆွဲကာနောက်ဖေးခန်းသို့မသွားရန်တားလိုက်သည်
"ရတယ် ရတယ် ရတယ်၊ နောက်ဖေးကိုသွားရှာနေစရာမလိုတော့ဘူး၊ ဖမ်းမိမှာလည်းမဟုတ်ဘူး၊
အဲကောင် အိမ်ထဲလျှောက်ပြေးမနေရင်ပြီးတာပဲ
ကျွန်တော်အခုလေးတင်ပဲ ထပ်တရာမုန့်တွေထပ်လုပ်ထားတာ ဒေါ်လေးရန်ကိုပေးဖို့လေ၊ ကြွက်တွေမကိုက်သွားလို့တော်သေးတာပေါ့၊ ဒါလေး ဒေါ်လေးရန်ကိုအမြန်သွားပို့ပေးလို့ရမလား"
![](https://img.wattpad.com/cover/347028359-288-k998789.jpg)