" ဝန်းလေး "
နာမည်ခေါ်သံကြောင့် သူဟာပွင့်မနေတဲ့မျက်လုံးတွေကို အတင်းကြိုးစားဖွင့်ယူလိုက်ချိန် မြင်တွေ့လိုက်ရပါသော မြင်ကွင်းတစ်ခုသည် သူ့အာရုံတွေကို ထွေပြားစေခဲ့သည်။ ဂျေးဟာ သူ့အရှေ့တွင် ဒူးတစ်ဖက်ကိုထောက်ကာ ထိုင်ချနေခဲ့ပါသည်တဲ့။
" ကိုယ်တို့ လက်ထပ်ကြရအောင် "
" ဟမ် "
ဂျောင်ဝန်း အသိစိတ်တွေဟာ ရိုက််ချခံလိုက်ရသလိုမျိုး ကပ်သွားတော့၏။ ခုနကအထိ လွတ်ထွက်နေတဲ့အသိစိတ်တွေမှာလည်းစုစည်းလာကာ ပွင့်မနေတဲ့မျက်လုံးတွေမှာလည်း ယခုတော့ပြူးကျယ်လာခဲ့ပြီဖြစ်သည်။
" ရုတ်တရက်ဆန်သွားမယ်ဆိုတာသိပါတယ် ယုံကြည်ရခက်ရင်လည်း ခက်မယ်ထင်တယ်။ ဒါပေမယ့် ကိုယ် ဝန်းလေးကိုလက်ထပ်ချင်တယ်။ ဒီထက်ပိုပြီး အချိန်တွေလည်း ထပ်မလိုအပ်တော့ဘူး။ ကျန်နေသေးတဲ့အချိန်တွေကို ကိုယ့်ခင်ပွန်းလေးလုပ်ပြီး အတူတူဖြတ်သန်းကြည့်မလား ? "
" ဂျေး .. "
ခပ်ပြတ်ပြတ်ဖြစ်နေခဲ့တဲ့ ဂျောင်ဝန်းရဲ့ သူ့နာမည်ကိုခေါ်နေတဲ့အာမေဋိတ်အသံတွေ။ ဂျေးဟာ ခပ်ပြုံးပြုံးလေးနဲ့ပဲ ဂျောင်ဝန်းရဲ့လက်ချောင်းလှလှလေးကြား လက်စွပ်လေးတစ်ကွင်းကို လိုက်ဖက်စွာ ကိုယ်တိုင်စွပ်ပေးလိုက်ပြီဖြစ်သည်။ ဂျောင်ဝန်းဟာ ဂျေးကိုတစ်လှည့် သူ့လက်ဆီကလက်စွပ်ကိုတစ်လှည့်ကြည့်ရင်း အခြေအနေတွေကို မနည်းလိုက်မှီအောင်လုပ်နေခဲ့ရတာ အမူးတောင်ပြေသွားခဲ့ပါပြီ။
" အခု .. အခု ဘာလဲ ကျွန်တော့်ကိုလက်ထပ်ခွင့်တောင်းနေတာလား ဂျေး? တကယ်ကြီးလား "
မယုံနိုင်ခြင်းတွေရောယှက်၍ အံ့သြမှုတွေနဲ့ မေးခွန်းပြန်ထုတ်နေတဲ့ဂျောင်ဝန်းက အရမ်းကိုမှချစ်စရာကောင်းနေပါသည်ဟု ဂျေးမှာတွေးမိလိုက်ပြန်ပါတယ်။
" ကိုယ်က လက်ထပ်ခွင့်တောင်းနေတာကို ဝန်းလေးကပဲ မူးနေပြီးတော့ "
" အာ .. ခုနက ဝိုင်တွေသောက်ထားလို့ပါနော်! "
သူ့ကိုပြန်စွာနေသေးတဲ့ အကောင်ပေါက်လေးကိုကြည့်ပြီး ဂျေးမှာ တဟားဟားအော်ရယ်မိတော့ ဂျောင်ဝန်းက သူ့ခန္ဓာကိုယ်တွေကို ထုရိုက်လာတော့သည်။ သို့ပေမယ့်လည်း ဂျေးအတွက်က ပန်းနဲ့ပေါက်ခံနေရသလိုပါပဲ တဟားဟားပင်။
" ကိုယ်တောင်းဆိုထားတာကိုလည်း အဖြေပြန်ပေးပါဦး ဝန်းလေး "
ဂျောင်ဝန်း ငြိမ်ကျသွားတဲ့အခါ ဂျေးဟာ သူ့ရဲ့စိတ်အစုံတို့ကိုပြန်စုစည်းလိုက်ပြီး ချစ်စကားတွေဟာ အထပ်ထပ်ဆိုခဲ့သည်။
" မင်းကို နောက်ကျပြီးမှတွေ့ခဲ့ရပြီး ချစ်တယ်ဆိုတာကို နောက်ကျမှပြောခွင့်ရခဲ့ပေမယ့် အခုကစပြီး မင်းကိုဒီထက်ပိုပြီးအများကြီးချစ်ပေးမှာပါ ဝန်းလေး .. "
YOU ARE READING
𝖩𝗎𝗌𝗍 𝗅𝗂𝗄𝖾𝗌 𝖦𝗋𝖾𝖾𝗇 𝖥𝗈𝗋𝖾𝗌𝗍 || ᴊᴀʏᴡᴏɴ √
Fanfiction: 𝘮𝘺 𝘨𝘳𝘦𝘦𝘯 𝘧𝘭𝘢𝘨 𝘩𝘶𝘴𝘣𝘢𝘯𝘥 . JAY X JUNGWON • two short