𝐋𝐢𝐟𝐞 𝟐
°•°•°•°•"Wesson?"
"ဟင်"
"ငါ့ကို ခဏလောက်အဖက်လုပ်စမ်းပါ။"
"ငါ့အလုပ်ချိန်လေကွာ။ အခုချိန်မှာ ငါက waiter, မင်းက customer."
"Crap! ထွက်လိုက်ကွာ။ မင်းဘာသာမထွက်ရင် သူတို့ထုတ်အောင် ငါလုပ်လိုက်ရမလား။"
"ငါ့အတွက်က အလုပ်ထုတ်ခံရတာ မဆန်းတော့ပါဘူး။ မင်းသဘောပဲ။"
မျက်နှာအမူအရာတို့သည် ပုံမှန်အတိုင်းဖြစ်သော်လည်း မျက်ဝန်းအကြည့်တို့မှာ နာကျင်ခြင်းတို့ပြည့်နှက်လျက်။
"ငါ တောင်းပန်ပါတယ်။ ဒီအတိုင်း စကားနိုင်လုပြီးပြောမိတာပါ။"
"အင်း၊ ငါအလုပ်လုပ်ရဦးမယ်။"
လှည့်ထွက်သွားပြီး အလုပ်ဆက်လုပ်နေသည့် Wesson ကို Smith ထိုင်ကြည့်နေသည်မှာ တစ်နာရီခန့်ကြာသွားပြီးနောက် အစားအသောက်များထပ်မှာပြန်သည်။
"အဲဒီလောက်မှာနေတာ မင်းကုန်မှာလား။"
"မပူစမ်းပါနဲ့။"
ဤသို့ဖြင့် နောက်ထပ်တစ်နာရီကုန်ဆုံးသွားပြီးနောက် Smith သည် ငွေရှင်းကောင်တာသို့သွားလိုက်ပြီး ထိုဝန်ထမ်းနှင့် စကားအနည်းငယ်ပြောနေသည်ကို Wesson တွေ့နေရသည်။ ခေတ္တခဏကြာပြီးနောက် ဆိုင်မန်နေဂျာရှိရာ အတွင်းဘက်ရုံးခန်းသို့ဝင်သွားသည့် Smith ကြောင့် Wesson သက်ပြင်းချမိတော့သည်။ သည်တစ်ကြိမ်လည်း အလုပ်ပြုတ်ဦးမည်ဟုသာ တွေးမိတော့၏။
"Wesson ရေ၊ မန်နေဂျာခေါ်နေတယ်ဟေ့။"
"အင်း၊ သွားလိုက်မယ်။"
အခန်းအတွင်းသို့ Wesson ဝင်သွားသည့်အခါ Smith နှင့် ဆိုင်မန်နေဂျာတို့ ရယ်မောပြောဆိုနေကြ၏။
"ဟေး Wesson! မင်းက Smith ရဲ့သူငယ်ချင်းဆိုတာ ငါမသိခဲ့ဘူး။ အခု မင်းသူငယ်ချင်းက မင်းအတွက် နေ့တစ်ဝက်ခွင့်တောင်းနေလို့ ငါခွင့်ပေးထားတယ်။ အဲဒါ မင်း ခဏနေ break time ကျရင် တစ်ခါတည်းပြန်လို့ရပြီ။"
"ဗျာ။ ဟုတ် ... ဟုတ်ကဲ့။"
ဤသို့နှင့် Smith ၏ကားပေါ်သို့ ပဟေဠိပေါင်းများစွာနှင့် Wesson ပါလာခဲ့တော့သည်။
YOU ARE READING
TRAP (မြှုံး / ျမႇံဳး) ᴴⁱᵃᵗᵘˢ