အပိုင်း (၁)

348 28 1
                                    


Recommended song: Kina - Get you the moon


အပိုင်း(၁)
...........


   Kozuma Kenma ဟာ ဝိညာဉ်ဖက် ဆိုတဲ့စကားမျိုးကိုယုံကြည်သူမဟုတ်ဖူး။ "စကြာဝဠာကြီးဟာ လူတစ်ယောက်အတွက် သင့်လျော်လိုက်ဖက်တဲ့လူ တစ်ယောက်ကို ဖန်တီးပေးထားတယ်" ဆိုတဲ့ အဆိုမျိုးဟာ လူတစ်ယောက်ရဲ့ အနာဂတ်ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ကို ပိတ်ပင်လိုက်သလိုပဲမဟုတ်လား။ ထားပါတော့။  ဝိညာဉ်ဖက်ချစ်ခြင်းလိုမျိုး အကြောင်းတရားတွေကို သူအများကြီး ကြားခဲ့ဖူးပြီးပြီ။ သူ့မိဘတွေတောင် အဲ့ဒီ ဝိညာဉ်ဖက်ဆိုတာကနေ ပြေးမလွတ်ခဲ့ဘူး။ ဒါပေမဲ့ အဲ့ဒါကြီးက သူ့ဆီကို နတ်သမီးပုံပြင်တစ်ပုဒ်လိုမျိုး ခုန်ပေါက်ရောက်မလာဖို့ မျှော်လင့်နေမိခဲ့တယ်။

"ဝိညာဉ်ဖက်အမှတ်အသား" ဟာ Kenma ရဲ့တစ်ခုတည်းသောပြဿနာမဟုတ်သေးပါဘူး။ အဲ့ဒီအမှတ်အသားက "ဝိညာဉ်ဖက်ရဲ့လက်ရေးနဲ့ နောက်ဆုံးစကား" ဆိုတဲ့အပေါ်အခြေခံထားတာကတော့ နည်းနည်းဝမ်းနည်းဖို့ကောင်းနေတယ်။ Kenma က သူ့ဝိညာဉ်ဖက်ရဲ့ သေခါနီးနောက်ဆုံးစကားတွေကိုမသိချင်ဘူး။ အဲ့ဒီစကားလုံးတွေကသယ်ဆောင်လာတဲ့ စိတ်ဖိစီးမှုကိုလည်း နားမလည်ချင်မိပါဘူး။

......

သူ့ mark ပေါ်လာမှာကို ရေချိုးခန်းမှန်ကနေတစ်ဆင့်ကြည့်နေရင်း အတွေးတွေက ခုန်ပေါက်နေတယ်။ ဖုန်းကိုတစ်ချက်ကြည့်တော့ 11:58 P.M. သူတစ်မှေးမှမအိပ်ရသေးသလို သူ့စိတ်တွေဟာလည်း ဘာစာလုံးက ဘယ်နေရာကနေထွက်လာမလဲဆိုတဲ့အပေါ်မှာပဲ မြဲမြံနေတယ်။ ဒါပေမဲ့ မနက်လင်းတဲ့အချိန် သူအိပ်ရာကထမှ ဒီစာလုံးတွေကိုမြင်မိကြောင်း Kuroo ကိုပြောမယ်။ ဒီ mark က ဘယ်လောက်မှ ရေးကြီးခွင်ကျယ်မဟုတ်ကြောင်းကိုလည်း Kuroo ကိုပြောပြမယ်။

ဘေစင်မှာ လက်တွေကိုထောက်လိုက်တယ်။ Soulmate Anxiety နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို သူအများကြီး ပိုဖတ်ခဲ့သင့်တယ်။ ဘာနေနေ ဒီအချိန် ဒီလိုခံစားနေရတာသူတစ်ယောက်တည်းမှမဟုတ်ပဲ။ အမှန်ဆို Kuroo ကို ဒီမှာလာအိပ်ဖို့ခေါ်လိုက်သင့်တာ။ သူ့အကောင်းဆုံးသူငယ်ချင်းနဲ့သာဆို ဒီလောက်ပျာယာခတ်မနေဘူးထင်တယ်။ အဲ့လိုလည်းမဟုတ်သေး။ Kuroo က သူနဲ့မတူဘူး။ လွန်ခဲ့တဲ့နှစ် Kuroo ရဲ့ mark ပေါ်တဲ့အချိန်တုန်းက သူ့ကြည့်ရတာပေါ့ပေါ့ပါးပါးပဲ။ အမှန်တော့   သူ့ mark နဲ့ပတ်သက်ပြီး အရမ်းခေါင်းရှုပ်သွားခဲ့တာမို့  Kuroo လိမ်နေတာလည်းဖြစ်နိုင်တာပဲ။ Kuroo က ဖုံးကွယ်လွန်းအားကြီးတယ်။ အခုထိ အဲ့ဒါဘယ်နေရာမှာမှန်း၊ ဘယ်သူ့ လက်ရေးမှန်း ၊ ဘာနဲ့တူမှန်း၊ ဘယ်လိုစာလုံးတွေမှန်း သူမသိသေးဘူး။

The Galaxy is Endless [မြန်မာဘာသာပြန်]Where stories live. Discover now