Chapter 17 - Julien XVI

67 3 1
                                    

ဂျူလီယန်း ၁၆ အကျဉ်း - တိုတောင်းစူးရှသည့်အကူအညီတောင်းသံမှာ ဖုန်းစပီကာမှတဆင့် တိတ်ဆိတ်နေသောကန်တင်းတွင်စူးထွက်လာသည်၊ တစ်ဖက်တွင်ထိုင်နေသည့်ဖေ့တုပင်ကြားလိုက်ရ၏။

- - - - - - - - - -

တိုတောင်းစူးရှသည့်အကူအညီတောင်းသံမှာ ဖုန်းစပီကာမှတဆင့် တိတ်ဆိတ်နေသောကန်တင်းတွင်စူးထွက်လာသည်၊ တစ်ဖက်တွင်ထိုင်နေသည့်ဖေ့တုပင်ကြားလိုက်ရ၏။ လော့ဝမ်ကျိုးဖုန်းပြန်ခေါ်သော်လည်းမရတော့။

အသံတစ်သံသာကြားလိုက်ရသော်လည်း ထိုသူမှာတရားမဝင်အငှါးယာဉ်မောင်းချန်ကျန့်ဖြစ်ကြောင်း လော့ဝမ်ကျိုးသိလေသည်။

ချန်ကျန့်သည် ချန်ယွမ့်ဖုန်းပြောနေသည်ကို ကြားလိုက်ရာမှ ဝမ်ဟုန်လျန့်အကြောင်းသတင်းပေးထားသူဖြစ်ပြီး သူ့ကိုယ်ပိုင်တွက်ဆမှုတချို့လည်းရှိသည်။ သို့သော် ထိရောက်သောသက်သေကိုတော့မပေးနိုင်သေးချေ။

ချန်ယွမ့်မှာ သူ့မိသားစုကိုဆွဲထည့်မိမည်စိုးသောကြောင့်ဘာမှမချန်ထားခဲ့သည်လား သို့တည်းမဟုတ် ဝမ်ဟုန်လျန့်သည် လူအားသတ်ပြီးချိန်တွင် 'မူးယစ်ဆေးတိုက်ဖျက်ရေး' နာမည်သုံးကာ သက်သေအားလုံးရှာဖွေသွားသည်လားမသိ၊ အနှစ်ချုပ်မှာတော့ လော့ဝမ်ကျိုး ချန်ကျန့်ထံမှရလိုက်သည်မှာ သူ့အစ်မ၏ဓာတ်ပုံအယ်လ်ဘမ်အဟောင်းတစ်ခုသာဖြစ်သည်။

သူတို့တွေ့ပြီးချိန်တွင် ထိုလူငယ်လေး၏မကျေနပ်မှုကို လော့ဝမ်ကျိုးရိပ်မိသောကြောင့် သူသေချာရှင်းပြခဲ့သည် "တခြားဘယ်သူ့မှမပြောသေးနဲ့၊ ငါတို့မှာသက်သေမရှိသေးဘူး။ မင်းဟာမင်းလျှောက်ရှာဖို့ဆိုပိုပြီးမကြိုးစားနဲ့။ တစ်ခုခုသတိရတာရှိရင် အချိန်မရွေးငါ့ကိုဖုန်းဆက်လို့ရတယ် — မင်းကအရဲစွန့်ပြီးသက်သေရှာလည်း အသုံးမဝင်တာဖြစ်နိုင်တယ်။ ငါတို့တင်ပြလို့မရတာဖြစ်နိုင်လို့ အဲ့လိုမျိုးဆိုအလဟဿပဲ။"

ထိုစကားမှာစကားကုန်ဖြစ်နေပြီဟုလော့ဝမ်ကျိုးထင်ခဲ့သည်။ ချန်ကျန့်ကိုအန္တရာယ်မကျစေရန်လုံလောက်သင့်သည်။ သို့သော် သူတို့စကားပြောအပြီး ၁ ရက်ပင်မရှိသေး၊ ထိုလူမှာဒုက္ခရောက်နေလေပြီ။

စိတ်တွင်းဖတ်စာ (Myanmar Translation Novel)Where stories live. Discover now