"ပြောင်းဖူးဒေါက်တာ ဒေါက်တာပြောင်းဖူး"
"ဒီ စောက်....ဟင်း"
ဆိုဖာပေါ်မှာ လှဲနေရင်းက ဒေါက်တာက စိတ်ပျက်သလို မျက်လုံးတွေမှိတ်သွားတယ် ။ ဂျန်းနီ အောက်နားမှာ ခွေနေတဲ့ ဟန့်ကီကို မျက်စပစ်ပြလိုက်တော့ ဒေါက်တာ့လိုမဟုတ်ဘဲ ချစ်စရာကောင်းတဲ့ ကောင်လေးက သူ့မာမီပေါ်တက်သွားတာများ တန်းလို့ ။
"ပြောင်းဖူးဒေါက်တာ ဘာစားချင်လဲ"
"အစ်မ သတ္တိတွေ သိပ်ကောင်းနေတယ်"
ဒေါက်တာက သူ့ကို အဲဒီလိုခေါ်တာ တအားမုန်းတာ ။ မကြိုက်ဆို အကြောင်းအရင်းကလည်း ကြီးသည်ကိုး ။ သူ့ကို ပျော့ညံ့တဲ့လူလို့ ထင်စေလို့ အဲဒီနာမည်ခေါ်တာနဲ့ ဆဲချင်နေတော့တာပဲ ။ ဂျန်းနီကလည်း ကြောက်မယ်ထင်သလား ။ တွဲလာတာ နှစ်နှစ်ကျော်ပြီလေ ။ သူ့အကြောင်းတွေ ခေါင်းစခြေဆုံး အကုန် သိပြီးနေပြီ ။ ဘယ်နေရာမှာ သောက်ကျင့်မကောင်းတာ ၊ ဘယ်နေရာမှာတော့ ကောင်းကွက်ကလေးရှိတာ အကုန်သိပြီးနေပါပြီ ။ ဂျန်းနီကိုလည်း သူ သိမှာပါ ။ အဲဒီတော့ မကြိုက်လည်း ဂျန်းနီကို ဘာမှလုပ်မှာမဟုတ်တဲ့အတွက် ဆက်ခေါ်နေမှာပါပဲ ။
"အဲဒီလိုနဲ့ ဘာမှမစားဘဲနေရင် ပြောင်းဖူးလေးနဲ့ ပိုတူသွားတော့မှာ"
ငေါက်ခနဲ ထထိုင်တော့ သားတော်မောင်ဟန့်ကီက လန့်ဖျပ်ပြီး အောက်ပြေးဆင်းသွားတယ် ။ ဒေါသကြောင့်လား ၊ အဖျားသွေးကြောင့်လား မသေချာပေမဲ့ ဒေါက်တာမျက်နှာကလေး နီရဲနေပုံက လွန်ခဲ့တဲ့ နှစ်တွေတုန်းကအတိုင်း ၊ တစ်ပုံစံတည်း ။
"အဲဒီလို ထပ်ခေါ်ရင် အစ်မဆိုင်ကို အရင်းရှုံးအောင် လုပ်ပစ်မယ်"
အဲ ဒီလိုခြိမ်းခြောက်လာရင်တော့ နည်းနည်းကြောက်ရတယ် ။ တကယ် လုပ်မဲ့ပုံရယ် ဒေါက်တာက ။ အရင်တစ်ခေါက်ကလည်း အကြောင်းအရင်း သေချာမသိဘဲ ဂျန်းနီကို သဝန်တွေတိုပြီး ဆိုင်မှာ လာသောင်းကျန်းသွားလို့ ဖောက်သည်တွေပြေးကုန်တယ်လေ ။ အဲဒီကိစ္စပြီး နှစ်ယောက်သား စကားမပြောဖြစ်တာ တစ်ပတ်လောက် ၊ နောက်တော့ မာနတစ်ခွဲသားနဲ့ ဒင်းလေးက သူ မှားပါတယ်ဆိုပြီး မျက်နှာသေနဲ့ လာပြောမှ ဂျန်းနီ စိတ်ကောက်ပြေပေးလိုက်တယ် ။ ဒါတောင် ဒင်းရုပ်က မကျေမနပ်ဖြစ်နေသေးတဲ့ ရုပ်ရယ် ။
YOU ARE READING
Strawberries and Cigarettes
FanfictionRemember when we first met? You said "light my cigarette" .