Chapter 26

1.1K 151 0
                                    

🧝Chapter 26

လျန်မိသားစုစံအိမ်တော်မှ ထွက်သွားပြီးသည်နှင့် သူ၏ချစ်လှစွာသောဟင်းသီးဟင်းရွက်များမှာ ထပ်ခါတလဲလဲ လက်ပြောင်းခံရမည်ဖြစ်ကြောင်းကို မြောင်ဟယ် လုံးဝပင်သတိပြုမိခြင်းမရှိချေ။ မြောင်ဟယ် လမ်းဘေးရှိခေါက်ဆွဲဆိုင်လေးတစ်ခုတွင်သာ ‌ဒုတိယအဒေါ်ရန်နှင့်အတူ နေ့လယ်စာစားနေခဲ့သည်။

အသားများဝယ်ယူပြီးနောက် ဟင်းသီးဟင်းရွက်များ၏ဈေးနှုန်းကို စုံစမ်းချင်သည့်အတွက် မြို့အရှေ့ဘက်ရှိ ဈေးစီသို့ဆက်သွားလိုက်ကြသည်။ သူတို့သွားနေသည့်လမ်း၏ လေးပုံတစ်ပုံပင်မရှိလိုက်သေးချေ မုန့်ဆိုင်တစ်ခုကိုမြင်လိုက်သည့်အတွက် မြောင်ဟယ်တို့ လှည့်ပတ်ကြည့်ရန် ဝင်သွားလိုက်သည်။ အဓိအားဖြင့် အသီးခြောက်များကိုကြည့်ရန်နှင့် အချိုမုန့်များအားမည်ကဲ့သို့လုပ်ဆောင်ထားခြင်းကို မြင်တွေ့ရရန်ဖြစ်သည်။ မြောင်ဟယ်သည်လည်း မတ်ပဲကိတ်မုန့်နှစ်ဘူးကိုဝယ်ယူကာ လက်တစ်ဖက်တည်းဖြင့် သယ်ဆောင်လာသည်။ မြောင်ဟယ်မှာ နူးညံ့ပြီး ချိုမြိန်သည့်မတ်ပဲကိတ်မုန့်များ စားရခြင်းကိုနှစ်သက်ပြီး အထူးသဖြင့် အချိုရနံ့ထုံမွန်းနေသော ကြွယ်ဝသည့်အရသာနှင့် မတ်ပဲအနှစ်စစ်စစ်ဖြင့်လုပ်ထားသည့်မုန့်များဖြစ်သည်။

အမှန်စင်စစ်အားဖြင့် မျိုးစုံပြုပြင်ထားသောမုန့်များမှာ ပါဝင်ပစ္စည်းအစိမ်းများ၏ အရည်အသွေးကို ဖုံးဖိပေးထားနိုင်သောကြောင့် တစ်စုံတစ်ယောက်မှ ၎င်းတို့ကိုအရသာရှိအောင်လုပ်နိုင်ခဲ့ပါက လူအများစုမှာ ထိုသူတို့သည် လက်မှုပညာကိုသိပြီး တစ်ခု နှစ်ခုခန့်ကျွမ်းကျင်ကြသည်ဟု ထင်ကြေးပေးကြပေလိမ့်မည်ဖြစ်ကာ မည်သူကမှ အသုံးပြုထားသောပစ္စည်းများ မှားယွင်းနေမှုအပေါ် သံသယဝင်ကြလိမ့်မည်မဟုတ်ပေ။ မြောင်ဟယ်သည်လည်း သက်ရှိမြေကြီးကိုအသုံးပြု၍ အစားအသောက်များပြုပြင်ဖန်တီးသည့်လမ်းကိုလျောက်ရန် တွေးမိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ယခင်အချိန်များတွင် သူရန်သာ့လန်အား ဖုံးကွယ်ထားရသောကြောင့် မလုပ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ဖွင့်ဟဝန်ခံပြီးပြီဖြစ်ရာ ၎င်းမှာ နောက်ထပ်ငွေရနိုင်မည့်နည်းလမ်းတစ်ခုဖြစ်နေသည့်အတွက် သူစတင်၍စမ်းကြည့်နိုင်ပေလိမ့်မည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now