3

425 42 9
                                    


" ကျန့်ကော "

လီလီကိုကျောင်းဝထိပို့ပေးခဲ့ပြီးကားဆီအပြန်
ကျွန်တော့်ကားနားမှာရပ်ပြီး ကျွန်တော့်ကို
ခေါ်နေသူကရိပေါ် ။ ဒီနားဝန်းကျန်မှာရိပေါ်က
အစကတည်းကရှိနေတာလား ဒါမှမဟုတ်
အနောက်ကလိုက်လာတာကိုကျွန်တော်ပဲ
သတိမထားမိခဲ့တာလား ။

" အာ...မင်းရောက်နေတာလား "

ဘယ်လိုလုပ်ရမှန်းမသိတဲ့အ​ခြေအနေ ။
ရိပေါ်ရှေ့ကြာကြာမရပ်ချင်တာကြောင့် ဒီတိုင်းနှုတ်ဆက်ပြီးထွက်လာခဲ့ရမလား ဖုန်းမကိုင်တာ
စာမပြန်တာလိုမျိုးလည်းလွယ်မနေတော့ ကျွန်တော်
ဘာလုပ်ရမယ်မသိတော့ ။

" ဖုန်းခေါ်တာတွေ စာတွေကိုမမြင်လို့လား
တမင်မပြန်တာလား "

" အင်း နောက်ပိုင်းတွေကျ အလုပ်တွေရှုပ်နေတာနဲ့
ဖုန်းကိုသိပ်မကြည့်ဖြစ်တာပါ ရိပေါ် "

" မနေ့ကရော ကျွန်တော်ကခေါ်နေတာတောင်
လှည့်တောင်မကြည့်ပဲပြေးသွားတယ် "

" ...... "

" ကျန့်ကောကအများကြီးပြောင်းလဲသွားတာပဲ "

" အဲလိုလည်းမဟုတ်ပါဘူး
ရိပေါ်ထင်လို့ပါ "

ကျွန်တော်ပြောတော့ရိပေါ်ဆီကအဖြေပြန်မလာ ။
မျက်ဝန်းနက်နက်တွေနဲ့ငေးမောနေလျက်
ဝမ်းနည်းနေသည့်အငွေ့အသက်တွေ
ထုတ်မပြောလည်းထိုကောင်လေးပုံစံ
ကြည့်တာနှင့်သိ၏ ။ ရိပေါ်ပြောသလို
ကျွန်တော်ပြောင်းလဲဖို့ကြိုးစားနေတာကို
သိရင်ဒီထက်ပိုဝမ်းနည်းနေမလား ။

" နောက်မှတွေ့မယ်လေ ရိပေါ်
အခုရိုက်ကွင်းလည်းသွားရဦးမှာဆိုတော့
သွားတော့မယ်နော် "

" လိုက်ခဲ့မယ် "

" မရဘူး မလိုက်ခဲ့နဲ့ရိပေါ် "

" ....... "

" အလုပ်သွားလုပ်မှာလေ ရိပေါ် "

" ဒါဆို အိမ်ပြန်ရောက်ရင်ကျတွေ့မယ်မလား ကော "

စကားတွေထပ်မရှည်ချင်တော့တာနဲ့ ခေါင်းညိတ်
ပြခဲ့ပြီးကားပေါ်တက်ကာမောင်းထွက်ခဲ့သည် ။
ကျဲနဲ့တူမလေးကြောင့်သာမဟုတ်ရင် ကျွန်တော်
ဟိုတယ်ဆီရွေ့ခဲ့ပြီးပြီ ။ ရိပေါ်သာလုပ်ချင်ရင်
ဟိုတယ်ဆီပြောင်းလည်းမရဘူးဆိုတာသိပေမယ့်
အနည်းဆုံးတော့ညနေပြန်နားတိုင်း ရိပေါ်ကိုကျွန်တော်မတွေ့ရတော့ဘူးမလား ။ ခုချိန်မှာတော့
ကျဲဆီနေတဲ့ငါးရက်အတွင်း ရိပေါ်နားဝင်အောင်
ချော့ပြောရပေမည် ။ ကျွန်တော်ချော့ပြောရင်
ရတဲ့ကောင်ကလေးဖြစ်နေသေးပါစေလို့
ဆုတောင်းရင်း ။

You've reached the end of published parts.

⏰ Last updated: Jun 15 ⏰

Add this story to your Library to get notified about new parts!

Love you more than I can say Where stories live. Discover now