𝐂𝐡𝐚𝐩𝐭𝐞𝐫.1

137 11 3
                                    

Unicode

ဇွန်လ ၁၀ ရက်နေ့။

မြို့တော်၏နာမည်ကြီးကိုယ်ပိုင်ကျောင်းတစ်ခုတွင်ဖြစ်သည်။ ထိုကျောင်းတွင်တက်ရောက်သူများတွင်မှ အများဆုံးကတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏သားသမီးများ နာမည်ကြီးအသိုင်းအဝိုင်းမှသူများ ချမ်းသာသောသူများသာဖြစ်သည်။ တချို့တွေကတော့ထောက်ပံ့ကြေးဖြင့်တက်ရောက်ကြခြင်းဖြစ်သည်။ ချမ်းသာသောသူများသာအများစုတက်ရောက်သောကျောင်းဖြစ်သည့်အလျောက် အထက်စီးမှဆက်ဆံသူများသောကျောင်းဆိုလည်းမမှားသလို ယှဥ်ပြိုင်မှုများလည်းများသည့်ကျောင်းဖြစ်သည်။

ကျောင်းကအထပ်သုံးထပ်နှင့်ခေါင်မိုးထပ်ပါရှိသည့်အဆောင်သုံးဆောင်ရှိပြီး "U" ပုံစံတည်ဆောက်ထားခြင်းဖြစ်သည်။ အဆောင်သုံးဆောင်အလယ်တွင်အားကစားကွင်းကျယ်တစ်ခုနှင့် ဘေးပတ်လည်တွင် အရိပ်ရအောင်စိုက်ပျိုးထားသောသစ်ပင်ကြီးများနှင့် အလှစိုက်ထားသောပန်းပင်များစွာလည်းရှိသည်။ အလယ်ကျောင်းဆောင်၏အောက်ဆုံးအထပ်တွင်လည်း မိုးလုံလေလုံအားကစားကွင်းကျယ်တစ်ခုရှိသေးသလို ဒုတိယအထပ်တွင်စာကြည့်တိုက်၊ ခန်းမကျယ်တစ်ခုနှင့် တတိယအထပ်တွင် လက်မှုပညာသင်တန်း၊ ပန်းချီသင်တန်း၊ ဂီတသင်တန်း အပြင်အခြားသောကျောင်းတွင်းသင်တန်းများလည်းရှိသည်။

ဘေးရှိကျောင်းဆောင်နှစ်ဆောင်ကတော့ စာသင်ဆောင်များသီးသန့်သာဖြစ်ကြသည် ခေါင်မိုးထပ်များတွင်လည်းအပင်များစွာရှိသောကြောင့် တခြားကျောင်းခေါင်မိုးထပ်များနှင့်ကွဲပြားစွာ အရမ်းမပူပဲအေးမြနေခြင်းက ထိုကျောင်း၏အားသာချက်တစ်ခုပင်။ ကျောင်းဆောင်သုံးဆောင်လုံး၏ဆေးရောင်များကအဖြူရောင်များသာဖြစ်ကြသည်။ ယခုကတော့ကျောင်းအားကစားကွင်းဘေးရှိ လျှောက်လမ်းတွင်ဖြစ်သည်။

"ဒါဘယ်သူပါလိမ့် အော် သူဌေးယောင်ဆောင်ထားတဲ့ဆင်းရဲသားလေးပဲ"
"......"
"နင်နားကန်းနေတာလား သျှန်သုခ ငါနင့်ကိုပြောနေတယ်လေ"

{Note - "......." အတွင်းမှစကားသည်အပြန်အလှန်ပြောစကားဖြစ်ပြီး '.......' အတွင်းမှစကားသည်စိတ်ထဲမှပြောစကားဖြစ်သည်}

𝑰 𝒇𝒆𝒍𝒍 𝒇𝒊𝒓𝒔𝒕 𝒃𝒖𝒕 𝒉𝒆 𝒇𝒆𝒍𝒍 𝒉𝒂𝒓𝒅𝒆𝒓Where stories live. Discover now