𝐂𝐡𝐚𝐩𝐭𝐞𝐫.2

35 6 0
                                    

Unicode

"မင်းအဆင်ပြေမယ်ဆိုရင် ကိုယ်ဒီမှာထိုင်လို့ရမလား"
"ဘာ!!"
"မာန! မင်းလာနောက်နေတာလား"

သျှန်သုခကဘာမှပြန်မပြောသော်လည်း အရှေ့အတန်းမှသူငယ်ချင်းနှစ်ယောက်ထံမှ အလန့်တကြားထအော်သောစကားသံကို အရင်ကြားလိုက်ရသည်။ ရုတ်တရက်ထအော်သည့် သူငယ်ချင်းများကြောင့် လန့်သွားရသောကြောင့် စိတ်ပေါက်ပေါက်နှင့်ထအော်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

"ဘာကိုလဲ"
"ဘာကိုရမှာလဲ"
"မင်းပြောတာလေ"
"ဘာဖြစ်ဖြစ် အဲ့တော့ကိုယ်ဒီမှာထိုင်လို့ရလား"

သူငယ်ချင်းများနှင့်ဆက်ပြောနေလျှင် သူထိုနေရာမှာသာမတ်တပ်ရပ်နေရမည့်ကိန်းရှိသောကြောင့် စာပြန်ဖတ်နေသော သူဆီကိုသာစကားလမ်းကြောင်းပြောင်းလိုက်သည်။

"ရတယ်"

ပြန်ပြောလာသည်က စကားလုံးနှစ်လုံးသာဖြစ်သော်လည်း အနိမ့်အမြင့်မရှိသောလေသံနှင့် ခပ်အေးအေးအသံက မာနကိုဆွဲဆောင်နေသလိုပင်။ ခွင့်ပြုချက်ရသည်နှင့် နေရာလွတ်တွင်ဝင်ထိုင်ကာ မာနဘက်မှစတင်မိတ်ဆက်လိုက်သည်။

"ကိုယ့်နာမည်က ရှိုင်းမာန ရှိုင်းလို့ခေါ်လို့ရတယ်"
"အင်း"
"မင်းနာမည်ကရော"
"သျှန်သုခ"

နာမည်နှင့်ကိုယ်ရေးအချက်အလက်အတော်အများကို ကျောင်းဝင်ပေါက်တွင်တွေ့ကတည်းက စုံစမ်းထားခိုင်းသောကြောင့် အခန်းထဲမရောက်ခင်ကတည်းကပင် သျှန်သုခ၏နာမည်ကို မာနသိနေပြီးသားဖြစ်သည်။ သို့သော်လည်း သူ့ထံမှကြားချင်သောကြောင့် မေးလိုက်တော့ ပြန်ဖြေလာတဲ့ခပ်အေးအေးအသံက မာနအတွက်တော့တကယ်ကိုသဘောကျချင်စရာပင်။ အရှေ့အတန်းမှသူငယ်ချင်းနှစ်ယောက်က သူ့ကိုအံ့သြနေဟန်ဖြင့်ကြည့်နေသော်လည်း လက်ရှိတွင်သူဂရုစိုက်ချင်သည့်တစ်ခုတည်းသောအရာက သူ့ဘေးတွင်ထိုင်နေသောသူသာဖြစ်သည်မို့ သူငယ်ချင်းများကိုလျစ်လျူရှုထားလိုက်သည်။

"ကိုယ့်ကိုသိလား"
"အင်း"
"ဟုတ်လား ဘယ်တည်းကလဲ"
"စောနက"
"ဟင် ဘာကိုစောနကလဲ"
"မင်းပဲ မင်းနာမည်မိတ်ဆက်တယ်လေ မဟုတ်ဘူးလား"

You've reached the end of published parts.

⏰ Last updated: May 06 ⏰

Add this story to your Library to get notified about new parts!

𝑰 𝒇𝒆𝒍𝒍 𝒇𝒊𝒓𝒔𝒕 𝒃𝒖𝒕 𝒉𝒆 𝒇𝒆𝒍𝒍 𝒉𝒂𝒓𝒅𝒆𝒓Where stories live. Discover now