𝑃𝑎𝑟𝑡 - 1

158 17 11
                                    

မှောင်မဲနေတဲ့အခန်းငယ်လေးတစ်ခန်း၊ ထိုအခန်းငယ်လေးကတော့ Mafia Ethan Leeပိုင်တဲ့ Eden Villaမှာရှိတဲ့အခန်းလေးတစ်ခန်း၊ ထိုအခန်းငယ်အတွင်းကြမ်းပြင်ပေါ် တွင်တော့ အားနည်းစွာနံရံသို့မှီထိုင်နေသော ကောင်လေးတစ်ယောက်၊ ထိုကောင်လေး၏ခြေဖဝါးနုနုလေးတွေတွင်မှာလည်း ခြေဗလာဖြင့်ထွက်ပြေးထားသည့်အလား ဒဏ်ရာများရှိနေကာ သွေးများပင်ထွက်နေလေသည်၊ ထိုအချိန် ပွင့်ဟလာသော အခန်းတံခါးနှင့်အတူ အခန်းထဲသို့လူတစ်ယောက်ဝင်လာလေသည်။

"ဟွန်းငယ်"

Sunghoonတစ်ယောက် ထိုဆွဲဆောင်မှုရှိလွန်းသောအသံပိုင်ရှင်အားလျစ်လျူရှုကာ မျက်လုံးများကိုဖိပိတ်လိုက်လေသည်။

"ဟွန်းငယ် ဒဏ်ရာတွေဆေးထည့်ရအောင်"

"မထည့်ဘူး"

"မရဘူးဆေးထည့်ရမယ်၊ ကြည့်ပါအုန်း ဟွန်းငယ်ရဲ့ခြေဖဝါးနုနုလေးတွေပေါက်ပြဲနေတာပဲ"

"Lee Heeseung!!! ကျွန်တော့်ကိုမထိနဲ့လို့!!!!"

Sunghoonတစ်ယောက် Heeseungအားစူးရဲစွာစိုက်ကြည့်ရင်း တွန်းလိုက်လေသည်၊ သို့သော် Heeseungကပင် ထိုလဲကျသွားသည်ကိုမမူပဲ အေးစက်သောမျက်နှာအမူအရာဖြင့်သာတုံ့ပြန်လိုက်လေသည်။

"ဟက်...ဟွန်းငယ်ရယ်၊ ကြည့်ရတာကိုယ်ကိုစိတ်ဆိုးနေတာပဲ၊ မင်းလေးထွက်ပြေးဖို့ပြင်နေတာကို ကိုယ်ကမိသွားပြီးအခန်းထဲဆွဲခေါ်ပြီပိတ်လှောင်ထားလို့ ဟုတ်တယ်မဟုတ်လား"

"သိရင်လည်းဘာလို့မေးနေသေးလည်း Lee Heeseung၊ ကျွန်တော်ခင်ဗျားကိုစိတ်ဆိုးတာမဟုတ်ဘူး!၊ မုန်းတာဗျ သိရဲ့လား!၊ ကြည့်နေလိုက် ကျွန်တော်ခင်ဗျားလက်ထဲကလွတ်အောင်ပြေးပြမယ်၊ ခင်ဗျားလိုလူမျိုးနဲ့မနေရအောင် ကျွန်တော်ထွက်ပြေးပြမယ်!!!"

Heeseungတစ်ယောက် ရုတ်တရက် Sunghoonရဲ့ပါးကိုလက်ဖြင့်ညှစ်လာလေသည်၊ Sunghoonမှာရုန်းနေသော်လည်း အားနည်းနေတာကြောင့် Heeseungလက်ထဲမှရုန်းမထွက်နိုင်ခဲ့ပေ။

"ဒီဆူထွက်နေတဲ့ နှုတ်ခမ်းလေးက တအားတွေသတ္တိကောင်းပြနေတာပဲ၊ ရတယ်လေ ဟွန်းငယ်ထွက်ပြေးနိုင်ရင်ထပ်ပြီးတော့ထွက်ပြေးပေါ့၊ ဒါပေမယ့် ကိုယ့်ဆီမှာပြန်ပြီးမိသွားခဲ့ရင်တော့ အဲ့ခါကျ...အခုလို သုံးရက်လောက်အခန်းထဲပိတ်ပြီး အစာနဲ့ရေအငတ်ထားတာထက်ပိုဆိုးမယ်ဆိုတာကို ကိုယ်ကပြပေးမယ်"

You've reached the end of published parts.

⏰ Last updated: Sep 05, 2024 ⏰

Add this story to your Library to get notified about new parts!

დ .•*""*• 𝑀𝑎𝑓𝑖𝑎'𝑠 ℎ𝑒𝑎𝑟𝑡 •*""*•.დ Where stories live. Discover now