Page 1

251 8 2
                                    

အချိန်အားဖြင့်ညသန်းခေါင်ယံ
ထိုအချိန်မှာကိုယ်မခေါ်ပါဘဲ ကိုယ့်အိမ်ရှေ့တွင်
ရောက်လာခဲ့ပါသော ထိုကောင်လေးသည် နှုတ်ခမ်းအောက်မှာ မှဲ့နက်လေးနဲ့။

~~~~~~~~~~~~~~~~~~~~~~~~

"ဝမ်
ဝမ်ဝမ်
ဝမ်....လို့!"

"ဗျာ......ဗျာ
ပြောပါဗျာ အချစ်ကလေးရဲ့"

"ဘာအခုမှာ ဗျာလဲ
ဟွန့်!
ဘယ်တွေတွေးနေတာလဲပြော"

"ဘာမှမတွေးရပါဘူးဗျာ"

"ဟွန့်!ဘာမှမတွေးရပါဘူးဗျာလို့သာ
ပြောတယ်၊ကျန့်ကကျန့်တို့
မဂ်လာဆောင်ရအောင် ပြောရင်
မှိုင်ထွေထွေနဲ့အတွေးကမ္ဘာထဲသွားရော"

"ဟော်ဗျာ.....
ကျန့်လေးရဲ့ အဲ့လိုမဟုတ်ရပါဘူးဗျာ"

"ဘာကိုအဲ့လိုမဟုတ်ရတာလဲပြောပါအုံး
ဟွန့်!"

"ကိုယ်က မဂ်လာဆောင်ရာမှာ
နောက်ဆက်တွဲတွေ ပါလာမှာဆိုးလို့ပါ"

"ဘာကိုနောက်ဆက်တွဲ
ပြောပါအုံး၊
ဘာလဲ?
ဝမ့်မှာမယားကြီးရှိလို့လား!"

"ဟား.....ဟား.....
ကျန့်လေးရယ်
မဟုတ်ရပါဘူးဗျာ၊
ကိုယ်ကကျန့်လေး ကိုယ်နဲ့လက်ထပ်ပြီးမှ
နောင်တရမှာဆိုးလို့ပါဗျာ"

"ဘာကိုနောင်တလဲပြောပါအုံး
ဟွန့်!"

"ဒါဆိုကိုယ်မေးမယ်
ကျန့်လေးကိုယ်နဲ့ပတ်သက်ပြီး
ခုထိဘာအကြောင်းတွေသိပြီလဲပြောပါအုံး"

(ရိပေါ်ရဲ့အမေးအဆုံး
နှုတ်ခမ်းလေးတထော်ထော်နဲ့
လက်ကလေးတွေထောင်ပြီး သူသိထားတဲ့အချက်အလက်တွေကို ပြောလာပါသော
ကျန့်ကျန့်လေး)

"ဟမ်း...ဟမ်း
တစ်အချက်
ဝမ့်ရဲ့နံမည်ကဝမ်ရိပေါ်
နှစ်အချက်
ဝမ်ကဒီအိမ်ကြီးရဲ့သခင်ကြီး
ပြီးတော့
အမ်.....အမ်........"

"နောက်ထပ်ရောဘာသိထားသေးလဲပြောပါအုံးကျန့်လေး"

"အမ်.....အမ်.......
မသိတော့ဘူး!
ကျန့်အတွက်တော့ ဝမ့်ရဲ့နောက်ကြောင်းတွေ
ဝမ့်အကြောင်းပြည့်ပြည့်စုံစုံတွေ သိရဖို့ထက်
ကျန့်ကဝမ့်ကိုချစ်တယ် ဒါကြောင့်မို့ ကျန့် ဝမ်နဲ့
လက်ထပ်ရဖို့ပဲလိုတယ် ဟွန့်!"

ဇာပုဝါအနီလေးအောက်ကကိုယ့်ရဲ့သတို့သားလေး(Short Story)Where stories live. Discover now