ပထမဦးဆုံး ရိုရိုချိုချိုလေးနဲ့ ဒီလောက်တောင် ချစ်တတ်ပါလားဆိုပြီးတော့ အားကျရလောက်တဲ့ Singleလေးတွေ ရည်းစားလိုချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်လွန်းတဲ့ romanceဆန်ဆန် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ်။Slow burn/Romanceအမျိုးအစားဖြစ်လို့ characterတွေရဲ့ ငယ်ဘဝကနေ ကြီးပြင်းလာတဲ့အထိ အသေးစိတ် ဖတ်လို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဆိုလည်း မမှားပါဘူး။
"Beyond All Measures"(completed)
ဘုန်းဇေကောင်းဟန်
ဘုန်းလျှံကွန်းခ
ယံသွန်းညိုဘုန်းဇေကောင်းဟန်နဲ့ ဘုန်းလျှံကွန်းခက ညီအစ်ကိုတွေဖြစ်ပြီး မိဘနှစ်ယောက်ရဲ့ အဆင်မပြေမှုတွေကြောင့် အကြီးက အမေနဲ့ပါသွားပြီး အငယ်လေးက အဖေနဲ့ ကျန်နေခဲ့ပါတယ်။ဒါပေမယ့် အဖေဖြစ်သူက တနေ့ဆုံးပါးသွားတဲ့အခါ အငယ်လေး ဘုန်းလျှံကွန်းခကို အဒေါ်ဖြစ်သူက အကိုနဲ့အမေရှိရာ မန္တလေးကို ပို့လိုက်ပြီး သားအမိသုံးယောက်ကို အတူပြန်ပေါင်းဆုံစေခဲ့တယ်။
ယံသွန်းညိုကတော့ ဘုန်းဇေကောင်းဟန်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး မိဘတွေကလည်း နှစ်အိမ်တစ်အိမ်လို ရင်းနှီးကြတဲ့သူတွေပါ။အငယ်လေး ကွန်းခက အမေအိမ်မှာလာနေရတော့ သူ့ခမျာ နေရာသစ်လိုဖြစ်နေပြီး ဆုံးပါးသွားတဲ့ အဖေဖြစ်သူနဲ့ သူနေခဲ့တဲ့ မြို့လေးကိုပဲ လွမ်းနေမိတာကြောင့် ကြိတ်ငိုနေရတဲ့ သနားစရာကောင်လေး ဖြစ်နေခဲ့တယ်။ဒါပေမယ့် သူ့ကို ဝမ်းနည်းနေချိန်တိုင်း အထီးကျန်တယ်လို့ ခံစားနေရတဲ့အချိန်တိုင်းမှာ သူ့ထက်သုံးနှစ်ကြီးတဲ့ အစ်ကိုရဲ့သူငယ်ချင်း ယံသွန်းညိုက နှစ်သိမ့်ပေးခဲ့ပါတယ်။ဒီလိုနဲ့ အသက်ဆယ့်သုံးနှစ်အရွယ် ကောင်လေးရဲ့ရင်ထဲ ယံသွန်းညိုက တဖြည်းဖြည်းနေရာယူလာခဲ့တယ်။
ဒါပေမယ့် ယံသွန်းညိုကတော့ ကွန်းခလေးက သနားဖို့ကောင်းတာမို့ ညီလေးတစ်ယောက်လို နေရာတကာဦးစားပေးပြီး ကလေးတယောက်လိုဆက်ဆံတာကလွဲလို့ ကျန်တဲ့ခံစားချက်တွေရှိမနေခဲ့ပါဘူး။လက်ရှိ သူ့ဘဝမှာ အရေးကြီးဆုံးလူတွေက အဘွားဖြစ်သူနဲ့ ဘုန်းဇေကောင်းဟန်ပါတဲ့။ဟုတ်ပါတယ် ယံသွန်းညိုက ဘုန်းဇေကောင်းဟန် ကို သူငယ်ချင်းအဆင့်ကနေပိုပြီး တဖက်သတ်သဘောကျနေခဲ့တာပါ။ဘုန်းဇေကောင်းဟန်ကတော့ ယံသွန်းညိုရဲ့ခံစားချက်တွေမသိပဲ သာမန်သူငယ်ချင်းအတိုင်းသာ ဆက်ဆံခဲ့တယ်။

YOU ARE READING
BL Oc Fiction Review
Romanceဖတ်ပြီးတာလေးတွေထဲက ကောင်းတဲ့ အဖိုးတန်လေးတွေ reviewလုပ်ပေးသွားပါမယ်💛