☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ရှောင်းကျန့်မှာဒီနေ့အရေးကြီးတဲ့အလုပ်ကိစ္စတွေ့ဆုံမှုတစ်ခုရှိနေ၏။ အဲ့ဒါကတော့ သူ့ရဲ့ အမေရိကန်လူမျိုး ဧည့်သည့်တစ်ယောက်နဲ့အတူ Lovely Skyဆိုတဲ့ နိုက်ကလပ်တစ်ခုမှာဖြစ်သည်။သူသည် အောက်တထပ်မှာတီရှပ်အဖြူပါးကိုခံလို့ အပေါ်ကလီနင်သားရှပ်အဖြူရောင်ကိုထပ်ဝတ်ကာသေသပ်ကျနတဲ့ကုတ်အကျီအနက်ရောင်၊ရှည်လျားလှတဲ့ခြေတံတို့နှင့်လိုက်ဖက်တဲ့ ဘောင်းဘီအမည်းရောင်ကို၀တ်ဆင်လို့ထားလေရဲ့။ အကုန်ခြုံကြည့်လိုက်ရင်တော့ သည်အမျိုးသားရဲ့ခပ်ချောချောမျက်နှာမှာနွေးထွေးမယောင်နဲ့ အေးစက်နေသည့်အငွေ့အသက်တို့လွှမ်းခြုံထားသည့် အမူအရာက မည်သူ့ကိုမဆို အမြဲလို ချဥ်းကပ်ဆက်ဆံရ ခက်ခဲတယ်လို့ ထင်မိစေတာပင်။
တန်ဖိုးမနည်းလှတဲ့ အနက်ရောင် Audiတစ်စီးက ကလပ်အဝင်ဝရှေ့ကို ဆိုက်ရောက်လာချိန်မှာတော့ကားထဲကနေထွက်လာသူကရှောင်းကျန့်ပင်ဖြစ်သည်။သူက ကလပ်ရဲ့VIP အဖွဲ့ဝင်လည်းဖြစ် အမြဲလာနေကျပုဂ္ဂိုလ်လည်းဖြစ်တာကြောင့် အထဲကိုဝင်ဖို့ တန်းစီနေစရာ မလိုခဲ့။အဝင်ဝမှာရှိနေတဲ့လုံခြုံရေးက သူ့ကိုမြင်တော့ဦးညွှတ်ပြပြီး အထဲသို့ လိုက်လံပို့ဆောင်ပေးလေသည်။ရှောင်းကျန့်က ဧည့်သည်နှင့်ချိန်းထားသည့် VIP အခန်းဆီသို့သာ တိုက်ရိုက်လျှောက်လှမ်းလာတော့ရဲ့။ ဧည့်သည်ကသူ့ကိုစောင့်နှင့်နေပြီးဖြစ်ရာ သူ၀င်ထိုင်သည်နှင့် ဆွေးနွေးမှုကိုစတင်ရချေတော့၏။
တစ်နာရီခန့်ကြာညောင်းပြီးချိန်တွင်ဧည့်သည်ကမတ်တပ်ထရပ်ကာ လက်ကိုကမ်းပေးရင်းပြောလာလေသည်။
"မင်းနဲ့အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်မစ္စတာရှောင်း"
ရှောင်းကျန့်က ခပ်ပြုံးပြုံးဖြင့်သာ လက်ကိုပြန်ကမ်းရင်း
"ကျေးဇူးပါ Mr.Johns စောင့်မျှော်နေပါတယ်"
သူတို့နှစ်ဦးVIP အခန်းမှ ထွက်လာကာ နောက်ဆုံးတစ်ကြိမ် လက်ဆွဲနှုတ်ဆက်ကြပြီးနောက် ကလပ်ကနေပြန်ဖို့အပြင် ထွက်လိုက်ချိန်၀ယ် ရုတ်တရက် ရင်းနှီးနေပါတဲ့ အသံကို ကြားလိုက်ရ၍ အလယ်လမ်းပေါ်မှာရပ်ပြီး ခေါင်းကိုနောက်သို့လှည့်ကြည့်မိလိုက်၏။
YOU ARE READING
Fake Dating (COMPLETED)
FanfictionOriginal Author - gitsx22 Translator - Maybel_94 *This is a work of translation, not my original work* Have a Permission from Original Author from AO3.