<Intro>

255 3 0
                                    

Unicode

" ရွှေစွန်ညိုဘာကိုလိုလို့ဝဲပါတယ် "

" မထွေးလိုလို့ဝဲပါတယ် "

" မေထြးမပါ တို့ချည်းသာ "

" ပါပါလျက်သားနောက်ကထား "

" မထွေးအသားခါးလှတယ် "

" ချောင်းငယ်ရေနဲ့ဆေးပါ့မယ် "

" ချောင်းငယ်ရေဘယ်မခမ်း "

" မြစ်ငယ်ရေနဲ့ဆေးပါ့မယ် "

" မြစ်ငယ်ရေဘယ်မခမ်း "

" ပင်လယ်ရေနဲ့ဆေးပါ့မယ် "

" ပင်လယ်ရေဘယ်မခမ်း "

" မထွေးအမိဖမ်း "

" ဟေးးး... မိအောင်ဖမ်းဟေ့ "

လသာသောညဦးပိုင်းအချိန်ခါများမှာတော့ ပေတစ်ရာကျယ်သော မြေနီလမ်းပေါ် ကေလးအမ်ားစု ဖြန့်ကျက်ကာ နေရာအပြည့်ယူထားလျက်... ။ ဆူဆူညံအောင် ဟစ်အော်ကစားရင်း ကေလးဘဝအမွတ္တရမ်ားကို ဖန်တီးရင်းဖြင့်... ။

" ညို... နင့်ခြေထောက်နားမှာ ဖားပြုတ်ကြီး "

" ဟမ် ဟမ် ဘယ္မလဲ ဘယ္မလဲ "

" အော်လိုက်တာဟာ ငယ်သံတောင်ပါတယ် အာက်ယ္မ "

" ဟဲ့ သေနာ ငါမဆဲချင်ဘူး တကယ်အောက်မေ့လို့ အစုတ်ပလုတ်ကောင် ငါကောက်ပေါက်ရ နာဦးမယ် "

" အရင်မိအောင်လိုက်ဖမ်းချည်ဦး ရွှေစွန်ညိုမရဲ့ "

တစ်ယောက်မခံနိုင်တာ တစ်ယောက်ကလိုက်စပြီး အမြဲတစ်စောင်းနဲ့မျက်ချေးရယ်ပါ။ တည့်လည်းခဏ... ။

" ကောင်စုတ် နင်ပြန်လာခဲ့ တွေ့မှ အမွှေးတစ်မွှေးမှမကျန်အောင်နှုတ်ပစ်မယ် "

" ဟဲ့ ဘာမွှေးတုန်း "

" ဆံပင်မွှေးဟေ့ ဆံပင်မွှေး သြော်ခက်ပြီ၊ အဲ့ကောင်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်အောင်လုပ်ပစ်မှမှတ်မယ် "

" မှတ်မယ်မထင်ပေါင် အဲ့ကောင်လင်းလက်က skb ဟာကို "

" အေးဟာ အထွေးရယ် ပြောပြလိုက်စမ်းပါ... နင်တို့သူငယ်ချင်းစော်ကြည်တဲ့အကြောင်း "

" လာခဲ့ လာခဲ့ မျက်ခုံးမွှေးပါမကျန်နှုတ်ပစ်ဦးမယ် ကြည်နိုင်ဦးမလားစော်... "

My Last Favorite ❤❤Where stories live. Discover now