Note

44 0 0
                                    

" မင်း ညို့ကိုထပ်ပြီးမနှောက်ယှက်နဲ့ ထင်ယောင်ထင်မှား မျှော်လင့်ချက်တွေထပ်မပေးနဲ့ကွ မင်းကစားနေကျ စက်ရုပ်မဟုတ်ဘူး "

" ငါသိတယ် ဟျောင် အဲဒါကြောင့် ငါသူ့အဝေးမှာနေနေတာ ... ငါ့ရှေ့မှာ သူ့အကြောင်းတွေ အစလာဆွဲဆွဲထုတ်နေတာက မင်း ... "

ရှေ့တည့်တည့်မှာ ခြေစုံရပ်နေသည့် ဟန်ကိုးရဲ့ဘယ်ဘက်ရင်အုံဘက်ခြမ်းအား လက်ညှိုးဖြင့် ပြင်းပြင်းထောက်၍ အံကြိတ်သံနဲ့ပြောလိုက်သည်။ အသက်ရှူသံပြင်းပြင်းသည် နှာသီးဖျားဝမှ အင်အားကြီးစွာ ရိုက်ခတ်နေ၏။

" မင်း သူနဲ့အဝေးမှာနေဦးတော့ သူ့စိတ်အာရုံတွေ မင်းဆီမှာရောက်နေတာကို သိသိကြီးနဲ့ မရုန်းထွက်နိုင်နေတာ မင်းညာနေတာ စည်းဖောက်နေတာပဲ ... ဟေ့ကောင် ငါ့မျက်လုံးကို တည့်တည့်ကြည့်စမ်း... မင်းနဲ့သူနဲ့ မတန်ဘူးနော် သိတယ်မလား "

ဘာ... မတန်ဘူးတဲ့။ ရင်ဘက်ထဲလက်ထည့်ပြီး အသည်းနှလုံးတစ်ခုကို ဖျစ်ညစ်ဆုပ်ကိုင်လိုက်သလိုပဲ၊ ဆတ်ဆတ်ခါသွား၏။ မာနတွေ ထိခိုက်သွား၏။

" အေးဟုတ်တယ် မတန်ဘူး မတန်ဘူး... အဲဒီမတန်မရာလေးကို ရအောင်ယူလို့ရတယ်၊ တမင်ကို အဝေးဆုံးမှာထားတာ မလိုချင်လို့မဟုတ်ဘူးကွ "

" ဟုတ်တယ် ငါနဲ့မတန်ဘူး...  "

တစ်ခွန်းပြောလိုက် ဟန်ကိုးအကျီရင်ဘက်ကို လက်နဲ့ဆွဲ၍ မျက်နှာကို လက်သီးတစ်ချက်ထိုးလိုက် တစ်ခွန်းပြောလိုက် တစ်ချက်ထိုးလိုက်ဖြင့်သာ။ ရင်ထဲဆို့တက်လာသမျှ ပွင့်ထွက်သွားအောင် ထွက်ပေါက်သဘောမျိုး ဖြစ်စေခဲ့သည်။

°•°•°•°•°•°•°

Paid gp လေးဖြစ်ပါတယ်ရှင့်။ ဝင်ကြေးမသတ်မှတ်ထားလို့ gp ဝင်ချင်ရင် cb လာပေးပါနော်။

#RL

My Last Favorite ❤❤Where stories live. Discover now