ပိုင်ဆိုင်လိုစိတ်😆

15 1 0
                                    

လူတွေကပြောကြတယ် တကယ်သာချစ်ရင်
အနိုင်ယူချင်စိတ် ပိုင်ဆိုင်ချင်စိတ် မရှိဘူးတဲ့
အင်း.....
အနိုင်ယူလိုစိတ်မရှိဘူးဆိုတာကိုတော့လက်ခံပါတယ်ပိုင်ဆိုင်လိုစိတ်မရှိဘူးဆိုတာကဖြစ်နိုင်ရဲ့လား
ကျွန်မအဲ့လိုပြောတဲ့သူတွေကိုမေးချင်တယ်
တကယ်ရော ပိုင်ဆိုင်လိုစိတ်မရှိခဲ့တာလားလို့

ကျွန်မကတော့လေ ကျွန်မချစ်တဲ့မောင့်ကို
ပိုင်ဆိုင်ချင်ခဲ့တယ် ကျွန်မတစ်ယောက်ထဲ
ပိုင်တဲ့လူသားလေးဖြစ်စေချင်ခဲ့တယ်
ဘယ်သူမှမမြင်နိုင်အောင် သိမ်းထားပြီး
ကျွန်မတစ်ယောက်ထဲရဲ့ အပိုင်လေးအဖြစ်
ထားချင်ခဲ့တာ ဟုတ်တယ် ကျွန်မကဥစ္စာခြောက်ပေါ့

အဲ့လိုဥစ္စာခြောက်ခဲ့လို့ဖြစ်မယ် မောင်ကလေ
မွန်းကြပ်တယ် လွတ်လပ်ခွင့်ပေးပါတော့ဆိုပြီး
တစ်ခြားမိန်းမတစ်ယောက်ရဲ့ရင်ခွင်ထဲကို ခုန်ဆင်းသွားတယ်လေ.............

#မေငြိမ်း

မောင့်ထံသို့ပေးစာ📜Where stories live. Discover now