part(3) season 1

749 75 2
                                    

ဖူ၀င်းတစ်ယောက် ဒေါသကထောင်းခနဲထွက်သွားသည်။ဘာလဲ သူ့သားရဲ့ခင်ပွန်းလေ ဒီလိုဆက်ဆံတာလား။ဒါဆိုခင်ဗျားကိုလဲ သူတို့ကဒီလိုပဲဆက်ဆံတာပေါ့ ဖူ၀င်းထိုသို့တွေးပြီးစိတ်တိုနေမိသည်။

*အားဟား ကျွန်တော်နဲ့မတန်ဘူးလေ*

ဖူ၀င်းရဲ့စကား‌ေကြာင့်ပွန်ရဲ့အမေ မျက်နှာကြောကပုံမှန်ထပ်ပိုတင်းလာသည်။

*မင်းက ကိုယ့်အဆင့်ကိုမသိဘူးပဲ ဖူ၀င်းတန်*

*သိတာပေါ့ သိပါတယ် ကျွန်တော်က အင်ဂျင်နီယာအဖေ အမေကမွေးထားတဲ့ အခု ထိုင်းနိုင်ငံရဲ့ထိပ်တန်းအဆင့်အင်ဂျင်နီယာတစ်ယောက်လေ ထပ်တိုးပြောရရင် ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးသမားရဲ့ ယောင်္ကျား*

*မင်း မင်းအတင့်ရဲလိုက်တာ*

*ဒါကတော့ မားရဲ့သားကအလိုလိုက်ထားတာကိုး*

ဖူ၀င်းထိုသို့ပြောပြီး အမဲရောင်ဆိုဖာခုံမှာအခန့်သား၀င်ထိုင်လိုက်သည်။

*မင်းဘာလုပ်တာလဲ အခုဆင်းစမ်း*

ပွန့်ရဲ့ အမေကဒေါသကြောင့်ရှူး"ရှဲ"ဖြစ်နေသည်။ဘယ်လိုကောင်လေးပါလိမ့် အတင့်ရဲလိုက်ပုံများ။

ဖူ၀င်းလဲ ပွန့်အမေရဲ့အဖြစ်ကိုမြင်ပြီး ပေကပ်ကပ်ထိုင်နေလိုက်သည်။မျက်နှာဘေးကမည်သူကိုမှဘာမထီပါပေါ့။

ပွန်အမေကဒေါသထွက်ကာထိုင်နေရာမှထလာပြီး ဖူ၀င်းကိုထိုင်ခုံပေါ်မှဆွဲချလေသည်။မိန်းမတစ်ယောက်ရဲ့အားကဘာမှမဖြစ်ပေမဲ့ T-shirt လက်တို၀တ်ထားတဲ့ ဖူ၀င်းကိုလက်မောင်းကနေလာဆွဲချနေတာမလို့ လက်မောင်းကနီပြီးနာနေသည်။ဖူ၀င်းက ပိုးသားမျှနူးညံ့သည်မဟုတ်လား။

ဖူ၀င်းလဲကြာလာတော့အလိုက်သင့်ထလိုက်တဲ့အချိန် ဆိုဖာပေါ်တက်သည့်ခြေနင်းခုံကနေခြေ‌ချော်ပြီးပြုတ်ကျလာသည်။

*အား သေပြီဒီမိန်းမရှေ့မှာအရှက်ကွဲတော့မယ်*

ဖူ၀င်းစိတ်ထဲတွင်ထိုသို့သာတွေးလိုက်သည်။သို့သော်ထင်ထားတာနဲ့တစ်ခြား ဖူ၀င်းတစ်ယောက်ရင်အုပ်ကျယ်ကျယ်တစ်ခုထဲသို့နစ်၀င်သွားသည်။သူ၏ခါးတွင်ခိုင်မာတဲ့လက်တစ်စုံတစ်ခုကဖက်တွယ်ထားသည်။

*မင်း ကိုယ့်စကားနားမထောင်ဘူးကွာ ကလေးရာ*

ဖူ၀င်းကြားရုံလေသံလေးနဲ့ပြောလိုက်တဲ့ပွန့်ကိုရင်ခွင်ထဲက အကောင်ပေါက်ကမော့ကြည့်လာသည်။

ဖူ၀င်းတစ်ယောက်ပွန်ကိုလဲတွေ့ရော တင်းထားသမျှစိတ်တို့လျှော့ချကာ ငိုမဲ့မဲ့လေးဖြစ်လာသည်။

*ကလေး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ ကိုယ်မေးတာဖြေပါအုံး*

အကောင်ပေါက်ရဲ့မျက်ရည်စတို့ကိုမြင်တော့ ပွန်စိတ်ပူသလို ဒေါသလဲထွက်မိသည်။ကိုယ်မဟုတ်တဲ့တစ်ခြားတစ်ယောက်ကမင်းကိုမျက်ရည်ကျအောင်လုပ်တာလား ကလေးငယ်။

ပွန်ရဲ့အကြည့်စူးစူးက အမေ မဟုတ်တဲ့ မိထွေးဆီစိုက်"မြိုက်"ရောက်လာသည်။

*ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ ဒေါ်ယန်ဖာ*

*ဒီအိမ်ရဲ့ ဒုတိယအာဏာအရှိဆုံးလူရဲ့ ခုံပေါ်အဲ့မျိုးမစစ်လေးက တက်ထိုင်တာလေ*

*ခင်ဗျား စကားပြင်ပြော ကျွန်တော့် ယောင်္ကျားက မျိုးမစစ်မဟုတ်ဘူး နောက်တစ်ခါသူ့ကိုထပ်စော်ကားရင် ခင်ဗျားမလွယ်ဘူး*

*မယားငယ် သားကများငါ့အမေကိုဘာတွေအာခံနေတာလဲ*

အိမ်အ၀ကနေလှမ်းပြောတဲ့ အသံဩရှရှနဲ့ ခွန်ရန်နာရာ၀စ်ဆိုသော မိထွေးရဲ့သားပင်။

*အဟက် မယားငယ်သားက မင်းထပ်စောက်ဆင့်ရှိတယ် ခွန်ရန်*

ရန်တစ်ယောက်ဒေါသကထောင်းခနဲ မယားငယ်သားက သူ့ကိုထိုသို့ပြောလာသည်ကိုမခံရပ်နိုင်ဖြစ်ရသည်။

သို့သော်အနားရောက်တော့တွေ့ရသည်က ဟိုခွေးကောင်တစ်ယောက်ထဲမဟုတ် သူ့ရဲ့မပိုင်ဆိုင်လိုက်ရတဲ့အချစ်ဦးလေး။မျက်လုံးတို့က ဖူ၀င်းရဲ့အစိတ်အပိုင်းအားလုံးကိုအကဲခတ်နေမိသည်။

*မင်းငါ့လင်ကိုကြည့်တာ အခုရပ်စမ်း!*

ဒေါသထွက်နေတဲ့ အသံထပ်ယခုအသံကပိုကျယ်လောင်လွန်းလို့ ရင်ခွင်ထဲကမထုတ်ရသေးတဲ့အကောင်ပေါက်လေးက တုန်ခနဲဖြစ်ပြီး ရင်ဘက်ကိုတင်း"စုပ်ကိုင်လာတဲ့လက်သွယ်သွယ်ဖြူဖြူလေးတစ်စုံ။

*ဘာတွေဖြစ်နေကြတာလဲ*

အိမ်၀ကနေ ဂုဏ်သရေရှိရှိ၀င်လာတဲ့ပါးရဲ့တည်ငြိမ်တဲ့မေးသံ ထို့ကြောင့်အားလုံးရဲ့အကြည့်က ခွန်ပန်နာရာ၀စ်ဆီကိုသာ ဦးတည်နေသည်။


vote"လေးတွေ cmလေးတွေနဲ့အားဖြည့်ပေးပါအုံးနော် cmလေးတွေမြင်ရင်ပျော်မိမှာပါရှင့်😁

always (အမြဲတမ်း) season1+2Where stories live. Discover now