Raining Heart (intro)

24 1 2
                                    

ဒီအခိုက်အတန့်...
ဒီအခိုက်အတန့်​လေးက အရာအားလုံးကို
ပြီးဆုံးသွား​​စေခဲ့တာလား။

Hyung ရဲ့မျက်နာကို​သေချာမြင်နေခဲ့သည်။
နှုတ်မှ​ ပြောမထွက်ခဲ့​ပေမယ့်
စိတ်ထဲတွင်​ပြောချင်​နေခဲ့​သောစကားများသည်
ရင်ဘတ်နှင့်​တောင်မဆန့်။
မျက်ရည်များသာစီးကျ​နေခဲ့သည်။

"Hyung ကသိပ်ကိုမာနကြီးတယ်
ဒါ​ပေမယ့် Hyung ရဲ့စိတ်ကနူးညံ့တယ်
Hyung နဲ့​ပျော်ရွှင်စရာ​ကောင်းခဲ့တဲ့
အချိန်​တွေအများကြီးရှိခဲ့ဖူးတယ်
တချိန်က Hyung ရဲ့အကြည့်​တွေ ​
နွေး​ထွေးမှု​​တွေ အချစ်​တွေကို​ မောင် လွမ်းတယ်
ပြန်ရချင်​သေးတယ် ဒါပေမယ့်
ခု​တော့မဖြစ်နိုင်​တော့ဖူးထင်တယ် Hyung"

စ​တွေ့တုန်းကအဖြစ်အပျက်​​တွေ
​ပျော်ရွှင်စရာ​ကောင်းခဲ့တဲ့အမှတ်တရအချို့နှင့်
​ပြောင်းလဲသွားတဲ့ Hyung ရဲ့ပုံစံ​​တွေ သည်
မှတ်ညဏ်​ထဲတွင်အ​ပြေးအလွှားးး

သမင်မျက်လုံး​ကဲ့သို့ ၀ိုင်းစက်​နေတဲ့
မျက်လုံး​တွေသည် မျက်ရည်စများနှင့်မလိုက်။
၀မ်းနည်းစရာ​ကောင်း​သောမျက်၀န်းအိမ်သည်
​Jungkook နှင့်လာလားမျှမဆိုင်။

​"​မောင်... Hyung ကိုအဲ့လိုမကြည့်ပါနဲ့
​Hyung မှာလဲ ​မောင့်ကို​ပြောချင်တာ​တွေ
အများကြီးရှိ​သေးတယ်
​တောင်းပန်ချင်တာ​တွေလဲရှိ​သေးတယ်"

Jimin တ​ယောက်​ဆောက်တည်ရာမရဖြစ်ကာ
အသံများပင်တုန်ယင်​နေခဲ့သည်။

"​မောင်ကြားချင်တဲ့စကားကို
Hyung ​ပြောပြပါ့မယ်
ထားမသွားပါနဲ့....
ချစ်ခဲ့တယ် ​မောင့်ကို Hyung သိပ်ချစ်ခဲ့တာလေ"

​တကိုယ်လုံး​ချွေး​ဇော​တွေပြန်လာပြီး​နောက်
အသက်ရှူ၍ပင်မရ​တော့သည်အထိ
မွန်းကြပ်လာသည်။
​မြင်ကွင်းတခုလုံးသည်​မှောင်မဲသွားပြီး
ရင်ဘတ်တခုလုံးမြင့်ချည်နိမ့်ချည်​
မောဟိုက်သံ​တွေနဲ့အတူ
မျက်လုံး​ဖွင့်ကြည့်လိုက်​သည်။

မက်ပြန်ပြီ။ထပ်ပြီးမက်ပြန်ပြီ။
ဒီလိုအိမ်မက်​တွေနဲ့ ဂျီမင်းရဲ့စိတ်​တွေကို
​ခြောက်ခြား​စေခဲ့သည်မှာအကြိမ်ကြိမ်။
​မေ့မရခဲ့တဲ့အတိတ်​တွေနဲ့ နာကျင်မှု​တွေက
တစ်ဘ၀လုံး ဒီလိုပဲအပြစ်တခုအဖြစ်
ခံယူသွားရ​တော့မှာလား။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

အမုန်းလွန်သွားတဲ့အခါမှာအချစ်တွေ
ဖြစ်သွားနိုင်သလို အချစ်မှန်းမသိကြဘဲ
အမုန်း​တွေများလာတဲ့အခါမှာလဲ
အဲ့ဒီ အမုန်း​၊နာကျည်းမှု​တွေနဲ့
တ​ယောက်အ​ပေါ်တ​ယောက်
အနိုင်ယူ​နေကြမယ်ဆိုရင်
အနိုင်ရတဲ့သူကဘဲ ရှုံးသွားခဲ့မှာလား။

ချစ်​နေရက်နဲ့လွဲမှားစွာအနိုင်ယူခြင်းက
​နောင်တ​တွေ​နဲ့မသိမသာရှုံးနိမ့်သွားခြင်းပါပဲ။

●●●●●●●●●●●●●●●●●●

ပထမဆုံး​ရေးတဲ့ Fic ​လေးမို့
အများကြီးကြိုးစားထားပါတယ်
ဖတ်​ပေးတဲ့သူတဦးချင်းစီကို​
ကျေးဇူးတင်ပါတယ် ❤️
ဆက်​ရေးရမလား Feedbackပေးခဲ့ပါ​နော်
love u 🤟

You've reached the end of published parts.

⏰ Last updated: Jul 01 ⏰

Add this story to your Library to get notified about new parts!

Raining HeartWhere stories live. Discover now