အခန်း-၉

1K 46 0
                                    

uni

မောင်ရင်ခွင်သစ်မှာ

ပျော်နေတဲ့အခါ ကျွန်တော်က

တိုးတိတ်စွာမျက်ရည်ကျပါ့မယ်

အခန်း-၉

မောင့်သတင်းများ နားထဲမဆံ့လောက်အောင်ပြန်ကြားသောလဲ မောင့်အားမသင်္ကါသောမျက်ဝန်းများနှင့်မကြည့်ခဲ့ပါ။

မောင့်ကအမြဲတမ်း ကျွန်တော့်အပေါ်မကောင်းတာမဟုတ် အမြဲလိုလိုပစ်ထားတာမဟုတ်ပါ မောင်စိတ်ကြည်နေသည်ဖြစ်စေ မောင့်အမျိုးသမီးလေးနှင့် ရန်ဖြစ်ထားသည်ဖြစ်စေ ကျွန်တော့်အား ကြင်နာဂရုစိုက်တတ်သည်။ထိုအချိန်၌လဲ ကျွန်တော်တို့အနာဂတ်ကြောင်းမောင်ရေဖက်မဝင်အောင်ပြောပြလေ့ရှိသည်။
မောင်တစ်ခါလောက် ပြန်ကောင်းယုံမျှ မောင့်အား အပြစ်မမြင်နိုင်တော့သည်ထိ ချစ်သည်။
လိမ်ညာနေမှန်း အသုံးချနေမှန်းသိသော်လဲ ကျွန်တော်မောင့်ကိုချစ်သည်။မောင်ဖောက်ပြန်နေလျှင်တောင် မမုန်းနိုင်သည်ထိ မောင့်ပေါ်ကျွန်တော်ရူးရူးမိုက်မိုက်ချစ်ခဲ့သည်။

မောင့်ဘက်မှ လွမ်းခွဲစကားပြောလာမည်ကိုတော့ ကျွန်တော်သေမတတ်ကြောက်၏။မောင်ကျွန်တော့်အား ဟန်ဆောင်ချစ်မပေးနိုင်တော့မှာကြောက်သည်။

မောင်ကဟန်ဆောင်ကောင်းသူ လိမ်ညာကောင်းသူမဟုတ်ပါ ကျွန်တော်ကသာ အယုံလွယ်သူ အပြစ်မမြင်နိုင်တော့သူဖြစ်၏။

မောင့်အမျိုးသမီးလေး မောင့်အားစိတ်ညစ်အောင်လုပ်လိုက်ပြီထင်သည်။မောင်ကျွန်တော့်အိမ်ကို ရောက်လာ၍ ကျွန်တော့်ကျွန်တော့်ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လိုတိုးဝှေ့နေသည်။

"မောင်ဘာဖြစ်လို့လဲ"လို့ကျွန်တော်မေးလိုက်တော့"စိတ်ဖိစီးနေလို့ပါ"ထိုသို့တိုးလျစွာပြောလာသည် အမြဲသြဇာအပြည့်ဖြစ်နေသည့်မောင့်အသံမှာ ယခုပင်မောင့်အသံမှာဖျော့တော့နေသည်။ကျွန်တော်မောင့်ကျောအားပွတ်၍နှစ်သိမ့်ပေးလိုက်သည်။

မောင်ငိုချင်ရင် ငိုချလိုက်ပါမောင်ရယ် ကျွန်တော့်ရင်ခွင်က မောင့်အတွက်ဆိုအမြဲနွေးထွေပေးမှာပါ မောင်ကျွန်တော့်ရင်ခွင်မှာ မပျော်လို့ တခြားရင်ခွင်သစ်ကိုပြောင်းသွားလည်း ကျွန်တော်မမုန်းပါဘူး မောင့်အတွက်အမြဲကျွန်တော့်ရင်ခွင်တစ်စုံက အသင့်ရှိနေမှာပါ။

မောင်ပျော်မယ်ဆိုလျှင် [Completed]Where stories live. Discover now