ဈာပနအခမ်းအနားကျင်းပရာတွင်
ထောင်ထားသော ဖေဖေ့ဓာတ်ပုံကို ကြည့်ပြီး
ကဲပို မှိုင်ထွေနေမိသည်။
ငိုစရာမျက်ရည်လည်း မကျန်တော့ပါ။
ဖေဖေက မဆုံးခင် သုံးလလောက်အလိုတည်းက
Comaဝင်နေခဲ့သည်မို့ ဆုံးသွားတာပင်
ဖေဖေ့အတွက် ဝဋ်ကျွတ်သွားသလိုဖြစ်သေးမို့
ကဲပို စိတ်အရမ်းမညစ်မိ။
ငယ်ငယ်တည်းက ဖေဖေ့လက်ပေါ်ကြီးလာသည်မို့
ရင်ထဲပြောမပြတတ်အောင် ဝမ်းနည်းသည်။"ကလေး"
"ဟုတ် ဦးလင်းထက်"
"ဒီညတော့ နားလိုက်တော့လေ..
မနက်မှပဲ သွားကြတာပေါ့""ရတယ် ဦးလင်းထက်...ကျွန်တော်တို့
ဒီညနေပဲ သွားကြမယ်လေ...
အိမ်ပြန်ရင် ဖေဖေ့ကိုလွမ်းလို့...""အင်း...နောက်တစ်နာရီလောက်နေရင်
သွားကြမယ်...""ဟုတ်"
ဦးလင်းထက်က ဖေဖေ့ တပည့်အဟောင်းဖြစ်သလို
လုပ်ဖော်ကိုင်ဖက်ဆိုလည်းမမှား။
ဦးလင်းထက်က တောင်ပေါ်မြို့တွင်
အပန်းဖြေဥယျာဉ်တစ်ခု ဖွင့်ထားပြီး
တည်းခိုခန်းပါ တွဲလျက်ပါသည်မို့
ခရီးသွားဧည့်သည်များအကြားရေပန်းစားသည်။
ဖေဖေက ပင်စင်ယူထားတဲ့ ပါမ္မောခတစ်ဦးဖြစ်ပြီး
ဖေဖေ စာသင်စဉ်အခါက ဦးလင်းထက်က
အတော်ဆုံး ကျောင်းသားပင်။
ဖေဖေနှင့်လည်း ရင်းနှီးပြီး အခုဖွင့်ထားသည့်
တည်းခိုခန်းတွင် ဖေဖေ့ရှယ်ယာများလည်းပါသည်။ဖေဖေက လူပျိုကြီးဖြစ်ပြီး
ကဲပို အသက်လေးနှစ်ခန့်က ဂေဟာမှ
ခေါ်ယူမွေးစားခဲ့ခြင်းပင်။
ထိုအချိန်က ဖေဖေ့အသက်
သုံးဆယ့်ငါးဝန်းကျင်ခန့်ရှိပြီး
အခု ငါးဆယ့်ခြောက်နှစ်ပြည့်ပြီးနောက်
ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်သည်။
ဖေဖေက တစ်ကိုယ်တည်းသမားမို့
မွေးစားသားလေး ကဲပိုကို ချစ်ရှာသည်။
ကဲပိုနာမည်ကိုတောင် ချစ်စနိုးလေးဖြင့်
'ချစ်ကဲပို' ဟုမှည့်ခဲ့ခြင်းဖြစ်သည်။ကဲပိုက လိင်နှစ်မျိုးပါသည့် ကလေးမို့
ဂေဟာရှိ တစ်ခြားကလေးများကြားထဲမှ
ကဲပိုကို မွေးစားခဲ့ခြင်းဖြစ်သည်။
ဖေဖေ့ကြောင့်သာ မဟုတ်လျှင်
ဂေဟာမှာပဲ ထူးဆန်းတဲ့လူလို အနှိမ်ခံရပြီး
ကြီးပျင်းလာရလောက်သည်။

YOU ARE READING
Chit Kel Po
Romanceဒွိလိင်ကောင်လေး ချစ်ကဲပို နှင့် သူ၏ အုပ်ထိန်းသူခင်ပွန်း၊ လင်မယားနှစ်ယောက် အိပ်ရာပေါ်ကအကြောင်း အပြာစာ။ Nsfw story so pls read at your risk! (Commission work)