အချစ်တဲ့ အ လို့ ချစ်ခဲ့မိတာများလား။
ကားပေါ်အထိ မောင်နဲ့သူက စကားတွေအများကြီးပြောရင်း ပျော်မြူးနေကြတယ်။မပျော်နိုင်တဲ့သူက ငါတစ်ယောက်ထဲပါလား။စကားသံတွေ ရီသံတွေ။မောင်က လှောင်ရီနေသလိုမျိူးပဲ။မောင့်အပြုံးက သိပ့်လှတာ ဒါပင်မဲ့ ငါ့အတွက် မဟုတ်ခဲ့တာ ဆိုးတယ်။
''ကိုကိုသူက jasmineနဲ် အတူလိုက်မှာလား''
''အမ်းး..တကယ်တော့သူက ကိုယ်အိမ်မှာနေတာ။နောက်1လထိပဲ ပြီးရင်ပြန်မှာ''
''ဘာ။ကိုကိုက သူနဲ့အတူနေတာလား။ဟွန်း jasmineမကြိုက်ဘူးနော် သူ့ကိုမောင်းထုတ်လိုက်။jasmineကားနဲ့လည်းမလိုက်ခိုင်းနဲ့ ကားညစ်ပတ်တယ်''
''ဟုပါပီဗျ။ စကားဖြူ မင်းအခြားကားနဲ့သွားနှင့်လိုက်။အိမ်ရောက်ရင်အထုတ်ပြင်ပြီး။ဒိုးတော့ ငါhotelငှားပေးမယ်''
''ဟင်..မော.''
စကားကို ဆက်ပြောဖို့ထိအားမရှိအောင် မောင့်အကြည့်က တန်ခိုးကြီးလွန်းသည်။ထင်ပါရဲ့။ဘာမှမပြောချင်တော့ဘူး
''ဟုတ်..အခြားကားနဲ့လိုက်လာပါ့မယ်''
''ကိုကိုက ထွားလာလိုက်တာ7နှစ်အတွင်းမှာ တကယ့်လူသန်ကြီးဖြစ်နေရော ခ်ခ်''
''အဲ့လူသန်ကြီးက ဟောဒီက jasmine အတွက် ပါခဗျ''
သူ တို့ ထွက် သွား ကြ ပြီ။
>>>>
2နာရီကြာပြီးနောက်အော်သံတစ်ချို့ထွက်လာခဲ့တယ်
''အားးး..ကိုကိုကယ်ပါ အရမ်းနာတယ် ''
ခေါငိးကသွေးတွေကအဆက်မပြတ်စီးကျနေတုံးပဲ။အမြင်အာရုံတွေဝေဝါးနေတယ်။အရှေ့က ဘယ်သူလဲ ။ လှုပ်လို့မရဘူး။ကြိုးတွေတုပ်ထားတယ်။ကျစ် ခေါင်းကအရမ်းနာတယ်။
''ကိုကို အားးးး''
ထိုအသံကြားမှ အမြင်အာရုံတွေ စုစည်းကာ အရှေ့ဘက်ကို ကြည့်လိုက်တော့ သူ့ရဲ့အချစ်ဆုံးjasmine လက်နှစ်ဖက် ကိုခုံမှာကြိုးဖြင့်တုပ်ထားကာ ထိုလက်နှစ်ဖက်အပေါ်မှာ သံနှစ်ချောင်းစီဖြင့်စိုက်လို့ထားသည်။မျက်နှာမှာလည်း ညိုမဲစွဲလို့။ ဟင့်...ရ...ရင်ဖက်က ဟား။အားပြုပြီးအသံကိုထွက်ဖို့ကြိုးစားကြည့်လိုက်တယ်။
YOU ARE READING
A frozen heart
Short Story''ငါကတော့မောင့်ကို အသက်ပေးတဲ့အထိချစ်ပင်မဲ့ မောင်အတွက်ကတော့သူ့အချစ်ဦးကို အစားထိုးယုံသက်သက်ပါပဲတဲ့'' နာမည်-ဂျေးဆန်း( JAYSAM. ) အသက်-25 မွေးနေ့ -12/7/1999 နာမည်-စကားဖြူ အသက်-26 မွေးနေ့-7/3/1998