" ဒါ ကိုယ်တို့မိသားစု နေဖို့ "
မုန်တိုင်းက နှစ်ထပ်တိုက်ကြီးရှေ့မှာရပ်ကာ
သားကိုချီထားလျက်
ကောင်းကောင်းလက်တစ်ဖက်ကို
ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။ကောင်းကောင်း အိမ်ကြီးကိုကြည့်ပြီး
အံ့ဩနေမိသည်။ရွာကအိမ်လေးထက် အဆပေါင်းများစွာ
ကျယ်ဝန်းပြီး
နန်းတော်တမျှ ခမ်းနားလှသည်။မုန်တိုင်းရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့်
အတူလိုက်ခဲ့ရပေမယ့်
ဒီအိမ်ကြီးမှာနေဖို့တော့ ဝန်လေးမိသည်။" အထဲဝင်ရအောင် "
မုန်တိုင်းပြောတော့တပည့်တွေက
ခြံတံခါးပြေးဖွင့်ပေးလေသည်။အိမ်ကြီးထဲရောက်တော့ ပရိဘောဂတွေကအစ တန်ဖိုးကြီးပစ္စည်းတွေဆိုတာ တွေ့လိုက်ရသည်။
ပစ္စည်းတွေရဲ့တန်ကြေးကို မသိပေမယ့်
ဈေးကြီးတာကိုတော့ ခန့်မှန်းမိသည်။" ဒါ ... ဒါမင်းအိမ်လား "
" အင်း ... အရင်တုန်းကတော့ ကိုယ့်အိမ်
အခုတော့ မင်းအိမ်ပေါ့ "" ဒါက ဓားပြတိုက်ထားတာလား "
" ဟက်!! "
ကောင်းကောင်းမေးတော့ မုန်တိုင်းက
ဟက်ဟက်ပက်ပက်ရယ်သည်။" ဓားပြတစ်ယောက်က မြို့လည်က အိမ်ကို
ဓားပြတိုက်ပြီး တက်နေလို့ရတယ်လို့
မင်းထင်တယ်ပေါ့ "ကောင်းကောင်းပြန်မဖြေတတ်။
" ကိုယ်ဓားပြမလုပ်တော့ဘူး "
မုန်တိုင်းက သားကို ဆိုဖာပေါ် တင်လိုက်ပြီး
အေးအေးလူလူပြောလာသည်။ကောင်းကောင်း လှမ်းကြည့်မိတော့
ပြန်လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေနဲ့
သွားဆုံသည်။ကောင်းကောင်းကပဲ ခပ်မြန်မြန် အကြည့်လွှဲလိုက်မိသည်။
စိတ်မလုံမလဲဖြစ်နေတာဟာ
မုန်တိုင်းအပေါ် သံယောဇဉ်တွေ
ကျန်နေသေးလို့လား ဒါမှမဟုတ်
တခြားအကြောင်းအရာတစ်ခုကြောင့်လား
ဆိုတာ ကောင်းကောင်းမဝေခွဲတတ်တော့။