( သတိ! ဥပမာပေး ကြမ်းသည် )
ရာစုတွေ အေဘီတွေ ဘီစီတွေ သတ်မှတ်လို့မရသေးတဲ့အချိန်ကာလတစ်ခု ။ သစ်ပင်တွေ ရေတွေ တိရစ္ဆာန်တွေ တောတွေ တောင်တွေကို များများစားစားမတွေ့ရတဲ့ နေရာပြင်ကျယ်ကြီးတစ်ခု။ မနက်နေထွက်ချိန်ကစပြီး ညနေ နေဝင်ချိန်အထိ သဲပြင်ကျယ်ကြီးကိုသာမြင်ရပြီး တစ်ခါတစ်ရံသာ အပင်တွေ့ရတတ်တဲ့ မနှစ်မြို့စရာ ကမ္ဘာကြီးရဲ့ နေရာတစ်ခု။ ကြင်နာခြင်း ၊ မေတ္တာတရား ၊ ဖေးမကူညီမှု နည်းပါးတဲ့ လူနေထိုင်မှု။ ဘဝကို ဖြစ်သလိုနဲ့ ပျော်သလိုနေရတဲ့ လူထုကြီးတွေ။ ဘာတွေကောင်းတာ ရှိသေးလဲ။
ဒါပေမယ့် ကောင်းမှုမရှိသည့်နေရာမှာ နေထိုင်တဲ့ လူထုကြီးမှာ မျှော်လင့်ချက်ကြီးကြီးမားမားတစ်ခုရှိသည်။
!သက်ရှိနတ်ဘုရား!
ကျောက်ခြစ်သမိုင်းတွေအရ ၎င်းလုထုကြီးတွေရဲ့ အရင့်အရင် ဘိုးဘွားစဥ်ဆက်သမိုင်းတွေမှာ သက်ရှိနတ်ဘုရားတွေနဲ့ လူတွေ ရောနှောနေထိုင်ကြသည်။
(ကျောက်ခြစ်သမိုင်းဆိုတာက စာရေးကိရိယာတွေ မရှိတဲ့ခေတ်မှာ ကျောက်ပြင်ကျယ်ကြီးတွေ ကျောက်သားနံရံတွေမှာ ကျောက်အသေးစားလေးနဲ့ ရေးခြစ်မှတ်တမ်းတင်ထားတဲ့ ရှေးအဖြစ်အပျက်တွေပါ)
အစားအစာတွေ ရေတွေ လောက်ငှမှုမရှိဘဲ ငတ်ပြတ်ခြင်း ခိုလှုံရာမဲ့ခြင်း ကပ်ဆိုက်နေသည့်အချိန်မှာ လူတစ်ဦး ပြောရမည်ဆိုလျှင် နတ်ဘုရားတွေကို ယုံကြည်ပြီး နတ်ဘုရားမတစ်ပါးနှင့် ကံတရားပါသည် ဖူးစာပါသည်ဟု နိမိတ်ဖတ်ခြင်းခံထားရသူတစ်ဦးက နတ်ဘုရားမတစ်ဦးကို တွေ့ရှိခဲ့သည်။ နတ်ဘုရားမနှင့်ထိုလူသား မေတ္တာမျှ၍ လက်ထပ်ကတိပြုခဲ့ကြသည်။နောက်တွင် နတ်ဘုရားမတစ်ပါးတည်းမဟုတ်ဘဲ အခြားသော နတ်ဘုရားမတွေ နတ်ဘုရားတွေ လူထုမှာ တစ်စတစ်စများလာပြီး လူထုနှင့်နတ်ဘုရားမျိုးနွယ်တွေရောနှောနေထိုင်လာကြသည်။ လူထုက နတ်ဘုရားမျိုးနွယ်တွေကို ယုံကြည်လက်ခံ၍ ကိုးကွယ်လာကြသည်။ နတ်ဘုရားတွေဟာလည်း ကောင်းချီးပေးမြှောက်တော်မူသည်။ နတ်ဘုရားတွေ၏ ကောင်းချီးသည် လူထုကို ကပ်အမျိုးမျိုးမှ ကင်းလွတ်စေသည်။ သာယာဝပြော၍ စိမ်းလန်းသည့်ကမ္ဘာကြီးတစ်ခုဖြစ်လာခဲ့သည်။ တိရစ္ဆာန်တွေ ပန်းပင်တွေ တောတောင်တွေ ဖြစ်ပေါ်လာပြီး စစ်မှန်သောကမ္ဘာကြီးဖြစ်ခဲ့သည်။ နတ်ဘုရားတွေ သေလျှင် ပန်းတွေဖြစ်သွားသည်။ လူတွေသေလျှင် မြေစာဖြစ်သွားသည်။ နတ်ဘုရားနှင့် လူသား ပေါင်းစပ်ကာ သွေးသားဖြစ်လာခဲ့လျှင် ဟော်မုန်းများသည့်မျိုးနွယ်ကို လိုက်သည်။ ကမ္ဘာကြီးနှင့် သဘာဝသည် ကြင်နာမှုတွေနဲ့ဟန်ချက်ညီစွာ လည်ပတ်ခဲ့သည်။
YOU ARE READING
SPIRITUAL
Fanfictionတစ်စုံတစ်ယောက်၏ ချွေးစတို့ကြောင့် စမ်းချောင်းတစ်ခုဖြစ်လာသည် မျက်ရည်တစ်စက်ကြောင့် သမုဒ္ဒရာတစ်ခုဖြစ်လာသည် မျက်တောင်ရှည်လေးတွေက မြက်ရိုင်းပင်တွေ ဖြစ်လာသည် ဆံနွယ်ရှည်တွေက ပင်အိုတွေနှင့်တူသည် ရယ်သံလွင်လွင်လေးဟာ တေးဆိုငှက်တွေ၏ အသံနှင့် တူသည် ပါးမို့မို့လေ...