Photo crd to Pinterest
Pic edit by SunKist
စတင်မိတ်ဆက်ခြင်း
"အား ကြည်နူးဖို့ကောင်းလိုက်တာ"
အခန်းတွင်းမှ ကောင်လေးတစ်ယောက်ရဲ့အသံ။ကုတင်ပေါ်ဝမ်းလျားမှောက်ပြီး ဖုန်းနှင်းဇာတ်ကားကြည့်နေသည့်ကောင်လေး။အငြိမ်နေပြီးကြည့်နေတာမဟုတ်ဘဲ ခြေထောက်နှစ်ချောင်းကို ကွေးထားပြီးဟိုဘက်ယိမ်းလိုက်သည်ဘက်ယိမ်းလိုက်နှင့်။ပါးစပ်ကလည်းပြုံးဖြီးနေပြီး လက်ကလည်းမွေ့ရာကိုတစ်ဘုန်းဘုန်းချနေသည်။သည်ကောင်လေးကြည့်နေသည်က ဘာမို့လို့အဲလောက်အငြိမ်မနေတာလဲ။
"ဟဲ့ နေအလင်းခ"
"ဗျာ"
ပါးစပ်ကသာထူးလိုက်ပေမယ့် မျက်လုံးနှင့်စိတ်က ဖုန်းမှမခွာ။
"နေအလင်း..."ခေါ်နေသည်ကိုမလာ၍ အခန်းထဲထိလာရှာသည်။ထင်သည့်အတိုင်း
"နေအလင်းခ" လေသံမာမာနှင့်ခေါ်လိုက်မှ
"ဗျ ဗျာ"
အခုမှအလန့်တကြားထူးသည်။
"ငါထင်တော့ထင်သား" ဖြစ်နေကျအကြောင်းအရာဖြစ်နေ၍ထူးထွေပြီးမအံ့ဩတော့။
"မင်းလည်း ကောင်လေးနှစ်ယောက်ချစ်ကြည်နူးတစ်တီနူးနေတာကို တစ်နေ့တစ်နေ့ကြည့်နေတာ မရိုးသေးဘူးလား"
"...."
"ဒီအမေခိုင်းတာကျမလုပ်.. ဟဲ့ငါပြောနေတယ်" ပြောသူကသာပြောနေသည်။နေအလင်းခတို့က အာရုံကဖုန်းscreenတွင်ပေါ်နေသော ကောင်လေးနှစ်ယောက်၏ဇာတ်လမ်း၌