song name-မောင့်ဆေးကျောင်းသူ(ခင်မောင်ထူး)
စတင်တွေ့ဆုံခြင်း
စက်ဘီးစီးရင်သီချင်းလေးညည်းကာ မြူးနေသည့်နေအလင်းခ။
ရင်ခုန်သံမင်းနားကျပ်လေးနဲ့
နားထောင်ပါဦး~~
ဆေးကျောင်းသားမောင်ရဲ့အချစ်လေး
မောင့်လာကုပေး~~
"အဟိ"
စိတ်ကမြူးနေသည်။ဘာရယ်မဟုတ် သူငယ်ချင်းဖြစ်သူက စာအုပ်ဝယ်ပေးလို့ပင်။သူအဲ့စာအုပ်ထွက်တုန်းက ပိုက်ဆံမရှိလို့မဝယ်ခဲ့ရ။အဲဒါကိုသူငယ်ချင်းဖြစ်သူက ဝယ်ပေးသည်။အတော်ချစ်စရာကောင်းသည့် သူငယ်ချင်းမလေးပင်။
ကိုယ့်အတွေးနှင့်ကိုယ့်ဘာသာတွေးနေရင်း
"ဟိတ် ဖယ် ဖယ် တိုက်မိမယ်"
ဒုန်း!!
အကြောင်းကား လူတစ်ယောက်သူ့စက်ဘီးကိုလာဝင်တိုက်ခြင်းပင်။ဟုတ်သည် သူ့စက်ဘီးကိုဝင်တိုက်ခြင်း။
"အာ့"
"ဒီမှာ ဒီလောက်စက်ဘီးတစ်စီးလုံးလာနေတာ..ကို...."
နေအလင်းခစကားပြောရင်းအသံတိတ်မိသည်။သူဝင်တိုက်မိသည့်လူသားဟာ သူ့ရဲ့လုံးဝideal seme typeဖြစ်သည်။အရပ်ရှည်ရှည် ပိန်သည်မဟုတ်ဘဲအချိုးကျသည့်ကိုယ်လုံး။အတော်ချောသည်ဟုပြောနိုင်သည့်မျက်နှာ။*ဒီလိုမျိုးပုံစံsemeက မြန်မာမှာခပ်ရှားရှား။ငါ ukeရှာဖို့ပဲလိုတယ်။*