အပိုင်း 1
မီးရောင်ကြဲကြဲက ဆင်းရဲတဲ့လမ်းမထက်မှာ ပျောက်တီးပျောက်တောက်ထွန်းနေကာ ထိုလမ်းထဲကိုတန်ဖိုးကြီးကားတစ်စီးကဖြတ်သန်းဝင်ရောက်လာလေသည်။
ထိုအချိန်ကားရှေ့သို့ဝင်ရောက်လာသောလူတစ်ယောက်နဲ့သူနောက်က တုတ်တွေကိုင်ထားတဲ့လူတစ်စု။
"Fu*k!!!"
ဆဲသံအကျယ်ကြီးကိုကြားပြီးနောက်ပြန်ပြေးထွက်သွားတဲ့လူက သူ့ကားနဲ့တိုက်မိတာမသိတာလား။
မကြာပါဘူး။သူတို့ကားရဲ့မျက်စောင်းထိုးနေရာမှာမိသွားကာ လူအများကြီးရိုက်တာခံလိုက်ရသည်။
ခနကြာတော့ဥဩသံတွေဝေစီသွားကာ လူတွေလည်းအဖမ်းခံလိုက်ရသည်။ဒါပေါ့။အဲ့တန်ဖိုးကြီးကားလည်းပါသွားတယ်လေ။
"ကောင်လေး။မင်းကိုယ့်ကားဆီဝင်လာလို့တိုက်မိတာလေ။ဘာလို့ကိုယ်ပါကြံရာပါဖြစ်ရတာလဲ"
"ကျွန်တော်တစ်ယောက်တည်းလာရင် ဒဏ်ကြေးမပေးနိုင်လို့။ခင်များကဇိမ်ခံကားကြီးစီးတာလေ။အဲ့ဆိုတော့ခင်များပေးနိုင်မယ်ထင်လို့ပေါ့"
သူမှန်ကြောင်းတောင်ပြောနေသူလေးကတော့။
Alex တွေ့ဆုံပွဲကိုဖျက်လိုက်ရကာ ကောင်လေးကိုလည်း အာမခံလုပ်ပေးလိုက်ရသည်။
"ဘာလဲ"
"ကျွန်တော့ကိုလျော်ကြေးမပေးရသေးဘူးလေ"
"ကိုယ်ကဘာလို့ပေးရမှာ??"
"ခင်များကားကကျွန်တော့်ကိုဝင်တိုက်ထားတာလေ"
Alexထပ်အံ့ဩရပြန်သည်။ပေါ်တင်ကြီးလိမ်ကြေးတောင်းနေသူကတော့။
"မင်းနာမည်ပြော"
"မင်းဓနရှင်"
နာမည်ကတင်စီးနေ၍ လူကိုကြည့်လိုက်တော့ 180ကျော်တဲ့အရပ်နဲ့ ပြုံးလိုက်ရင် ပေါ်လာတဲ့ပါးချိုင့်လေးတွေရယ်။ခပ်ကွေးကွေးမျက်လုံးတွေက အထက်တန်းစားထဲကလို့ထင်ရသည်။အလှတရားကအထက်တန်းဆန်တာကို။
ဒါပေမဲ့ သွေးတွေရွှဲနေတဲ့မျက်နှာနဲ့ ပုံမကျစွာဝတ်ထားတဲ့အကျ..ကြောင့် ဆယ်ကျော်သက်လေးတွေရဲ့ပုံကန်တဲ့ကာလလို့သတ်မှတ်၍ရသည်။
