chapter 2

3.3K 19 0
                                    

အပိုင်း 2

မင်းဓနရှင်မနက်ကတည်းက ဖင်ကခတ်ကြွကြွ။ ဖုန်းထဲဝင်လာတဲ့ emailကြောင့် ပျော်သွားကာအိပ်တောင်မအိပ်ရသေး။

မနက်စောစောချိန်းထားတဲ့နေရာသို့အမှီရောက်ဖို့ bus စောင့်ရသည်။ပြီး‌မှ သူရောက်ချင်တဲ့နေရာရောက်သည်။

ဒါက Dreaming schoolကြီးကိုဝင်ခွင့်ရဖို့စစ်ဆေးချက်တွေကျော်ဖြတ်တဲ့နေရာ။

သူအထဲရောက်တော့လူတွေကစုံနေပြီ။တစ်နာရီလောက်စောင့်ပြီးတော့ သူ့အလှည့်ရောက်ပြီ။

မင်းရှင် ခြေလမ်းတွေကိုယံကြည်မှုရှိရှိနဲ့လမ်းကာ စစ်ဆေးခန်းထဲဝင်လိုက်သည်။

ပြန်ထွက်လာတော့မောလွန်းလို့ ရေအပြေးသောက်ရသည်။ ချီး!သူတို့ကဘိုးစဉ်ဘောင်ဆက်ကအစလိုက်စစ်နေတာ။ပြီးကိုမပြီးတော့ဘူး။

နာရီကြည့်တော့ 11ခွဲဗိုက်ကလည်းဆာနေပြီမို့ ဘေးကဆိုင်ကိုသွားကာ ဗိုက်ဖြည့်ရသည်။ပြီးတော့ မင်းမြတ်ရှင်ကိုလည်းဖုန်းဆက်ရသေးသည်။

"ဒီက မင်းဓနရှင်လားရှင့်"

"အာ ဟုတ်ကဲ့ဗျ"

သူ့ရှေ့က ကျောင်းစာရေးလေးကရောက်လာကာမေးနေ၍ဖြေရသေးသည်။

"ဟို ကျောင်းရုံးခန်းကခေါ်နေလို့ပါ။နောက်ထပ် အင်တာဗျူးလေးထပ်‌ဖြေပေးပါအုံးတဲ့"

"ဟုတ်"

ထပ်ပြီးဖြေရအုံးမယ်။စောက်ရစ်ကိုရှည်တယ်။စိတ်ထဲဆဲရင်းအပြင်ကတော့ပြုံးပြုံးလေးနဲ့ ခေါ်ရာလိုက်သွားရသည်။

"အထဲမှာ ဒါရိုက်တာစောင့်နေပါတယ်ရှင့်"

"ကျွန်တော်ဝင်သွားလိုက်ရင်ရပြီမလားဗျ"

။။။။

🌸Stranger and me🌸Where stories live. Discover now