Vitamin=မင်းခန့်အောင်
Zaw Shine Htet=ရှိုင်းခန့်ဒီပါ
Vitamin's Dad=ညီညီလင်းခန့်
Vitamin's Mom= တေဇာကျော်(ဇာဇာ)
ZawShineHtet's Mom= အမရာ
အရမ်းခန့်ညားလှတဲ့အိမ်ကြီးတစ်အိမ် ထိုအိမ်မှာ ဖေဖေ,မေမေနဲ့သားလေး မိသားစုသုံးယောက်သာနေတယ်
သို့သော် ထိုအိမ်လေးက သာယာပျော်ရွှင်ဖွယ်မကောင်းလှပေ အကြောင်းကတော့ အိမ်နဲ့အရှင်သခင်အိမ်ဦးနက်ဖခင်ကြောင့်ပင်..."တစ်အိမ်လုံးမင်းတို့ောက်လုပ်တွေပဲ ခုကော ဘာကိစ္စလည်း"
"အဲ့လိုမဟုတ်ပါဘူးအကိုရယ် ဒီနေ့ကသားလေးရဲ့၇နှစ်ပြည့်မွေးနေ့လေးမို့ ဇာတို့ ကစားကွင်းသွားကြမလားလို့ပါ"
"အရေးမပါတဲ့အရာတွေကိုအချိန်ပေးဖို့ငါ့မှာအချိန်မရှိဘူး မင်းတို့ဘာသာသွားချင်သွား ငါမလိုက်နိုင်ဘူး"
"လိုက်ခဲ့ပါအကိုရယ် သားလေးက..."
"တေဇာကျော်! ငါမင်းကိုနောက်တစ်ခေါက်ထပ်မပြောဘူးနော်!" [လေသဲမာမာနဲ့အော်လာသောအသံကြောင့် ဇာဇာမှာ တုန်လှုပ်သွားမိသည်]
ထိုအဖြစ်အပျက်ကိုငေးကြည့်နေသော မင်းခန့်လေးမှာ မျက်ရည်မကျအောင်အံကြိတ်ကာ နေသည် ဖေဖေအရမ်းရက်စက်သည်သားဒီနေ့ကိုအရမ်းစိတ်လှုပ်ရှားနေခဲ့တာ ဖေဖေရယ်မေမေရယ်နဲ့အတူတူသွားရမှာကြောင့်ပင် ခုတော့ဒီအပျော်လေးက လေထဲမှာပင်လွှင့်ပျောက်သွားခဲ့လေပြီ။ဒါကလည်းသူ့အမှားပင် အရင်နှစ်မွေးနေ့တွေတုန်းကလည်းတစ်ခါမှသူနဲ့အပြင်ထွက်မလည်ဖူးဘူး မွေးနေ့မှမဟုတ်အိမ်မှာပင်လည်းသူ့ကိုတစ်စက်ကလေးမှအရေးမလုပ်တဲ့အဖေတစ်ယောက်ကို ဘယ်ကြောင့်အဲ့လောက်မျှော်လင့်နေမိတာလဲ...
မေမေမျက်ရည်တွေဝဲကာသူ့နားလှည့်ထွက်လာသည်ကိုမြင်တာမလို့မသိချင်ယောင်ဆောင်ပြီး ကစားနေလိုက်သည်
[ငိုချင်နေသည့်မျက်ရည်ကိုမနည်းထိန်းထားခါ]
"သားငယ်လေး.."
[မေမေပြောမည့်စကားများကိုသိပေမယ့်လည်းမသိချင်ယောင်ဆောင်ကာ]

YOU ARE READING
ပျောက်ကွယ်သွားသောအချစ်တစ်ခု
Fanfiction[ကျွန်တော်အကို့ကိုချစ်တယ် အကို] [ငါ့ဘဝကိုလုယူသွားတဲ့မင်းကိုသေလောက်အောင်မုန်းတယ်]