"မင်းတို့သားမိလုပ်ပုံကိုကြည့်ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲ မင်းတို့ဟာလေ ငါ့ကိုအမြဲအရှက်ရအောင်လုပ်နေကြတာ စိတ်ပျက်စရာဘဲ!"
"အဲ့လိုမဟုတ်ပါဘူးအကို ဟိုဘက်ကမှားတာကို ဇာတို့ကအပြောခံနေရမှာလားအကို။"
"တိတ်စမ်း! မင်းသူများကိုအပြစ်သွားပြောမနေနဲ့မင်းဟာလေ တကယ်ကိုစိတ်ပျက်စရာမိန်းမ!"
[ဘာမှပြန်မပြေနိုင်ဘဲ မျက်ရည်တွေသာကျနေမိသည့် တေဇာကျော်]
ငိုနေတဲ့မိန်းမကိုစိတ်ပျက်သလိုကြည့်ပြီး သက်ပြင်းသာချကာ တစ်ဖက်က ဘာမှမပြောဘဲ ခေါင်းငုံ့ငြိမ်နေသည့် မင်းခန့်အောင်ဘက်သို့လှည့်ကာ...
"မင်းလိုသားမျိုးရှိတာငါတကယ်ရှက်တယ်!ငါ့ကိုအမြဲအရှက်ခွဲနေကြတာလား မင်းအသက်အရွယ်လေးနဲ့ရန်ဖြစ်ရသလားဟမ်!"
ဘာမှပင်ပြန်မပြောနိုင်
အခုလိုဖြစ်အောင်ဖေဖေဘဲလုပ်ခဲ့တာလေ ဖေဖေကြောင့်သားဒီလိုတွေဖြစ်နေရတာ ဖေဖေကသားကိုတစ်စက်ကလေးမှတောင်ဂရုမစိုက်ဘဲ အခုလိုအခြေအနေမျိုးမှာတောင် သားဖြစ်သူဘက်ကရှိမနေဘဲ သူ့လိုမျိုးသားရှိတာကိုကရှက်တယ်တဲ့လေ
"ငါပြောနေတာကို နားမထောင်တာလား ဘာလဲ မင်းကမခန့်တာလား!"
"အဲ့လိုမဟုတ်ပါဘူး ဖေဖေ ကျွန်တော်..."
"တော်တော့! မင်းဆီကစိတ်ပျက်စရာ ဆင်ခြေတွေကိုငါနားမထောင်နိုင်ဘူး တော်"စိတ်ပျက်တယ် တောက်ခ်!"
အသံမာမာနဲ့အော်ကာ အိမ်ထဲကထွက်သွားတဲ့ဖေဖေ့ရဲ့ကျောပြင်လေးကိုသာငေးကြည့်ရင်း ကျလာမိတဲ့မျက်ရည်တွေ
ကျွန်တော်ဘာများလုပ်မိလို့လည်း ဖေဖေကကျွန်တော့်ဆိုအမြဲအဲ့လိုပင် ကျွန်တော်ကဖေဖေ့ဆီကဂရုစိုက်မှုကိုသာလိုချင်ခဲ့ရုံပါ ဖေဖေ့ဆီက သားရေဆိုတဲ့ချိုချိုသာသာစကားလေးကိုသာကြားချင်ခဲ့ရုံပါ ဖေဖေရယ်မေမေရယ်နဲ့အတူပျော်"ရွှင်"နေချင်ရုံပါ အခုလိုဖြစ်ချင်ခဲ့တာမဟုတ်ပေ...
[၁နှစ်ကြာသော်]
ဒီလိုနဲ့ဖေဖေဂရုမစိုက်တဲ့ကျွန်တော့်ရဲ့မွေးနေ့လေးပြန်ရောက်လာခဲ့ပြီ...ကျွန်တော်ဖေဖေ့ကိုထွေထွေထူးထူးမျှော်မနေမိတော့ပါ သို့ပေမယ့် အတူအတူတော့ကျင်းပမိချင်သား
"အကို...အကိုဘယ်မှာလည်းဟင် ဖုန်းတွေလည်းမကိုင်လို့ ဒီနေ့သားလေးမွေးနေ့နော်အကို"[ဖုန်းမကိုင်သောကြောင့် ပို့လိုက်သော message လေးတစ်စောင်]
တစ်ခဏအကြာ ပြန်စာဝင်လာခဲ့သည်။
"အဲ့စိတ်ပျက်စရာမွေးနေ့ကိုမလာတာမလို့ဖုန်းထက်မဆက်ပါနဲ့ ပြီးတော့ ငါ့မှာမိသားစုအသစ်ရှိနေပြီ မင်းနဲ့မင်းရဲ့စိတ်ပျက်စရာသားကိုငါအလိုမရှိတော့တာမလို့ ငါ့ကိုထပ်ပြီးလာမပက်သက်ပါနဲ့ ထပ်ပြီးကပ်တွယ်နေမယ်ဆို မင်းတို့ကိုရစရာမရှိအောင်လုပ်ပြစ်မိလိုက်မယ်!"
ပို့လာသောစာတစ်စောင်ကိုဖတ်ကာ မျက်ရည်တွေကစီးကျလာသည် အမြန်အဆန်ပင်
"မနောက်ပါနဲ့အကို ဇာတို့သားမိကိုမထားခဲ့ပါနဲ့ အကို ဇာတောင်းပန်ပါတယ် သားလေးမျက်နှာထောက်ပါဦး"
တစ်ဖက်ကပြန်စာတောင်မလာဘဲ ချက်ချင်းပင် block သွားခဲ့သည်အရူးတစ်ယောက်လိုပင် ဖုန်းတွေဆက်တိုက်ခေါ်နေမိသောလည်း လုံးဝပင်မကိုင်
မျက်ရည်တွေနဲ့ ပြာယာခက်နေတဲ့ သူ့အမေကိုကြည့်နေမိသည် သူ့အဖေကြောင့်ဆိုတာသိပေမယ့် ဘာအကြောင်းကြောင့်ပြယာခက်နေလည်းသူမသိ
မျက်ရည်များကိုသုတ်ကာ သားလေးနားကိုသွားလိုက်သည်
"သားငယ်လေး"
"ဗျာ.."
"မေမေတောင်းပန်ပါတယ်ကွယ် သားဖေဖေက အလုပ်ကိစ္စနဲ့ခရီးသွားစရာရှိလို့သားမွေးနေ့ကိုမလာနိုင်ဘူးတဲ့ကွယ်"
မေမေလိမ်နေမှန်းကျွန်တော်သိပါသည် ဖေဖေကအလုပ်ကိစ္စမရှိလည်းမလာပါဘူး အခုလည်း မလာနိုင်တာမဟုတ်ဘဲမလာချင်တာဖြစ်သည်
"ရပါတယ် မေမေရဲ့ ဖေဖေမရှိတော့လည်း မေမေနဲ့သားဘဲ အပြင်သွားကျတာပေါ့ သားကစားကွင်းသွားချင်တယ်မေမေ"
"လိုက်ပို့မှာပေါ့သားလေးရဲ့ ကဲ အဝတ်အစားသွားလဲချေ"
"ဟုတ်မေမေ"
အပေါ်တက်သွားသော သားလေးကိုကြည့်ပြီး မျက်ရည်တွေကျလာခဲ့သည် သားကိုဘယ်လိုေပြာပြရမလဲ အခုအတိုင်းဘဲဆက်လိမ်ထားရမှာလား မေမေတောင်းပန်ပါတယ်သား သားကိုဒီကိစ္စမေမေ မသိစေချင်လို့ လိမ်ထားမိတာတောင်းပန်ပါတယ် သားငယ်
>>>>>>>>
ဒီအပိုင်းလေးကတော့တိုသွားပါတယ် အမှားလေးတွေပါသွားတာရှိရင်လည်းတောင်းပန်ပါတယ်ရှင့် 💋
YOU ARE READING
ပျောက်ကွယ်သွားသောအချစ်တစ်ခု
Fanfic[ကျွန်တော်အကို့ကိုချစ်တယ် အကို] [ငါ့ဘဝကိုလုယူသွားတဲ့မင်းကိုသေလောက်အောင်မုန်းတယ်]