ep - 1

42 3 0
                                    

"လိုချင်တဲ့ စည်းစိမ်တွေ ခံစားနေရပြီပဲ
ဘာတွေလောင်မြိုက်နေသေးတာလဲ"

"မင်းနာမည်နဲ့လွှဲထားတဲ့ အရာအားလုံးပေါ့ သားလေးရဲ့"

"ခများပါးစပ်က သားဆိုတဲ့အသုံးအနှုန်း ထပ်ထွက်မလာနဲ့"

"မင်းကိုကာကွယ်ပေးမယ့် မင်းမာမီလဲရှိတော့တာမဟုတ်ဘူးနော် လေသံလေးကိုနှိမ့်လိုက်ရင် ပိုကောင်းမယ်ထင်တယ်"

"အဟက် သိပ်ရီရတာပဲ ကျုပ်က သူငယ်နှပ်စားအရွယ်မဟုတ်တော့ဘူးဆိုတာကိုသတိရပြီး လေသံပြန်ပြင်ရင်ပိုကောင်းမယ်ထင်တယ်"

ခက်ထန်ကာ တည်တင်းနေတဲ့မျက်နှာထား
တစ်ဖက်သားအား ခနဲ့ကာ ခပ်ဟဟရီနေပုံ
အပိုအလိုမရှိ ပြတ်"သား"စကားသံတို့သည်
အသက်20အရွယ်ကောင်လေး၏ဖြစ်တည်မှုနှင့်ကွဲလွဲစွာတည်ရှိလျက်

"တောက် မင်းနေနှင့်အုံးပေါ့ကွာ"

"အရေမရအဖက်မရစကားတွေကိုနားထောင်ဖို့အားနေတာမဟုတ်ဘူး ကျေးဇူးမတင်ချင်တိတ်"နေ တောက်လာမခေါက်နဲ့"

ခနဲ့စကားကိုပြုံးယဲ့"ဆိုကာ ထွက်သွားသူသည်
နောက်ဆုံးပေါ်ပြိုင်ကားအနက်ရောင်ပေါ်သို့မျက်နှာကို မော့ချီလျက် တက်သွားပြီး
နောက်ကိုပြန်လှည့်မကြည့်ခဲ့ ဘယ်အရာမဆို လုပ်ပြီးရင် နောက်ပြန်လှည့်ကြည့်တက်သည့်သူမျိုးမဟုတ် မူလခက်ထန်နေသောမျက်နှာထားသည် ကားပေါ်ရောက်သည်နှင့် နှစ်လိုဖွယ်ပြုံးလိုက်ကာ အပူပင်ကင်းတဲ့ကလေးတစ်ယောက်သဖွယ် သိပ်ဖြူစင်လွန်းခဲ့ပါသည်

နောက်ဆုံးပေါ်အနက်ရောင်ပြိုင်ကားလှ"ကြီးသည် မီးအလင်းရောင်လင်းလင်းလက်လက်တွေအောက်ထိုးရပ်သွားပုံမှာ ကားထဲကသူကိုမမြင်ရသည့်တိုင် ကားကိုမြင်ရသည်နှင့် ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေတဲ့ ခြေလှမ်းတွေဟာ တိခနဲ

တံခါးတစ်ဖက်ဖွင့်ကာ မြေပြင်ပေါ်သို့ ကျရောက်လာသည့် ခြေတံသွယ်"မှာဆင်မြန်ထားသည့် ဖိနပ်သည်နက်မှောင်တောက်ပြောင်နေသည် ကားပေါ်မှ ဆင်းလာသည့်သူသည် တစ်ကိုယ်လုံးကို အနက်ရောင်တွေဆင်မြန်းထားတာတောင် ညအမှောင်တွေထဲမှာ လင်းထွက်ကာ တောက်ပြောင်နေစဲ မြင်သူတိုင်းလည်ပြန်ကြည့်ကာ မျက်စိလွှဲချင်စရာမရှိတဲ့ ဖြစ်တည်မှုမျိုး

ဆံုမှတ်Where stories live. Discover now