Unicode
"အထက်တန်းပြီးပြီဆိုတော့ ဘယ်မေဂျာကို ရွေးဖို့စိတ်ကူးရှိကြလဲ။ ငါက အနုပညာမေဂျာယူမှာ"
အအေးခွက်က ပိုက်ကိုကစားရင်း ရွှင်မြူးနေသည့်လေသံဖြင့် အမေးရှိလာသော ဆောနူ။
"ငါရောပဲ"
အကဗွီဒီယိုကိုသာ အကြည့်မပျက်တဲ့ နီကီကလည်း ဝင်ဖြေ၏။ နှစ်ယောက်လုံးက Idol ဖြစ်ဖို့ရာ ဝါသနာထုံကြသည်မို့ အနုပညာမေဂျာကို ရွေးကြခြင်း။
သူလည်း ဝါသနာပါတော့ ပါပေမဲ့ ဟျောင်းမျက်နှာလေးအား နေ့တိုင်းတွေ့ရဖို့အရေးကိုသာ ရှေးရှူရင်း ...
"ငါကတော့ စီးပွားရေးမေဂျာ"
"အဟင်း .. ယန်းဂျောင်ဝန်းတို့များ သူ့ဟျောင်းသည်သာ နံပါတ်တစ်"
"ဘာတွေလာပြောနေတာလဲ။ စီးပွားရေး စိတ်ဝင်စားလို့"
"ငါတို့ကို ငအတွေများထင်နေလား။ မသိရင်ခက်ပါမယ်ကွာ"
နီကီနဲ့ ဆောနူတို့ရဲ့ ခပ်စစရယ်သံတွေကို လျစ်လျူရှုလိုက်ပါသည်။ အမှန်တကယ်လည်း သူတို့ပြောသလိုဖြစ်ပေမဲ့ပေါ့။
_
ဂျောင်ဝန်းတို့လို အသက်အရွယ်အပိုင်းအခြား တော်တော်များများသည် အချစ်ကို လက်တည့်စမ်းချင်တတ်ကြသည်။ သူကိုယ်တိုင်လည်း သူ့ရဲ့အချစ်ကို စတင်ရှာတွေ့ခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိချေပြီ။
ဂျောင်ဝန်း၏ အချစ်သည် အခြားသူများ၏အချစ်လို နုနုရွရွ လှလှပပ မိန်းကလေးတစ်ယောက်တော့ မဟုတ်ခဲ့ဘဲ ကျားကျားယားယား ယောင်္ကျားသားတစ်ယောက်သာ ဖြစ်၏။
ယောင်္ကျားလေးတစ်ယောက်သာ ဖြစ်ပေမဲ့
ဂျောင်ဝန်း၏အချစ်သည် မိန်းကလေးတွေနီးပါး.. မဟုတ်.. မိန်းကလေးတွေထက်ကို ချောပေ လှပေသည်။လှတယ်လို့ပြောလျှင် မကြိုက်သည့် သူ့အချစ်လေးကတော့ ကွယ်ရာမှာဆို အမြဲတဖွဖွပြောနေကျဖြစ်သည့် ဂျောင်ဝန်း၏ 'လှတယ်' ဆိုသည့် စကားသံကိုသာ ကြားလျှင် သူ၏ တစ်ဖက်သတ်အချစ်လေးက လာထိုးလောက်မည်မှာ ကျိန်းသေသည်။
YOU ARE READING
I'm not a cat, Hyung! (Yanghoon Collections)
Fanfiction"ခုခေတ်ကြောင်လေးတွေက ဘာလို့အဲ့လောက်ဆိုးနေရတာလဲ" "သူ့သခင်ဆီက အချစ်ကိုမရလို့နေမှာပေါ့"