Part.15

1.3K 30 0
                                    

Unicode

''ကိုကြီး...ကိုကြီး''

ပင်ယံတစ်ယောက်လက်ထဲမှာဖုန်းကိုကိုင်၍အောက်ထပ်သို့အပြေးအလွှားဆင်းခဲ့ပြီးထမင်းစားခန်းထဲဝင်ခဲ့လိုက်သည်။

''ကိုကြီး''

သူမရဲ့ပြာတာပြာတာပုံစံကြောင့်သူမအဖေက

''ပင်ယံဆင့် ဘာလို့ပြာယာခတ်နေတာလဲ မိန်းကလေးဖြစ်ပြီး''

''မဟုတ်ဘူးဖေဖေရဲ့''

သူမကအစ်ကိုဖြစ်သူကိုပြန်ကြည့်ကာ

''ကိုကြီး မနေ့ညကကိစ္စအကြီးကြီးတစ်ခုဖြစ်သွားတယ်သိလား''

''ဘာကိစ္စလဲ''

''မနေခြည်ရဲ့အဖေကမနေ့ညကသူ့မိတ်ဆွေတွေရှေ့မှာကိုကို့ကိုသူ့သားမက်လောင်းလို့ကြေညာလိုက်တယ်တဲ့ အဲမှာကိုကိုကအရိပ်စစ်ကမှသူ့ဇနီးလောင်းပါလို့ပြောလိုက်လို့မနေခြည်တို့မိသားစုအရှက်ကွဲသွားတယ်တဲ့''

''ဘာ!''

ထက်ကောင်း ထိုင်ရာမှထရပ်လိုက်မိ၏။ထို့နောက်စားပွဲပေါ်တင်ထားတဲ့သူ့ဖုန်းနဲ့ကားသော့ကိုယူကာချက်ချင်းဆိုသလိုပဲထမင်းစားခန်းထဲကထွက်လာခဲ့လိုက်တော့သည်။

ခုလောက်ဆိုနေခြည်တစ်ယောက်ဘယ်လိုနေမယ်မသိ။

တစ်ဖက်မှာလည်းကုဋေတို့မနက်စာထမင်းဝိုင်းကတိတ်ဆိတ်လို့နေလေသည်။

''တော်တော်လူပါးဝတဲ့လူ''

ဘယ်တုန်းကမှထိုသို့မပြောဖူးတဲ့အစ်ကိုဖြစ်သူကြောင့်ကုဋေအံ့သြရတာအမှန်ပင်။

''ကိုကြီး ကိုကြီးနဲ့ဦးမြတ်မင်းကြားမှာတစ်ခုခုဖြစ်နေတာလား ဘာပြဿနာတွေဖြစ်နေတာလဲ''

''မင်းမသိလည်းရတယ်''

''မဟုတ်သေးပါဘူး ဒီတစ်လျှောက်လုံးအဆင်ပြေလာပြီးအခုကျမှ...''

''ငါနေခြည့်ကိုမယူနိုင်ဘူးလို့ငြင်းလိုက်တာ''

''ဟင်''

''ဒီနေ့ကစပြီး အဲ့မိသားစုနဲ့ငါတို့မိသားစုပတ်သက်စရာမရှိတော့ဘူး အဲ့လူရဲ့နာမည်ကိုလည်းဒီအိမ်မှာလာမပြောနဲ့''

ချစ်တယ်ဆိုတာထက်ပို(completed)Where stories live. Discover now