Introduction

570 29 5
                                    

Title : 恒星时刻
English Title : Sternstunde
စာရေးသူ :稚楚 (ZhiChu)

~*~

ပထမဆုံးတွေ့ဆုံချိန်၌ ချင်ယိယွီသည် လက်ထဲ ဝိုင်တစ်ပုလင်းကိုင်လျက် အိမ်တံခါးဝရှေ့ မျက်နှာသေကြီးနှင့် ရပ်နေသော နန်ယီကိုတွေ့တော့ အကြွေးလာတောင်းသည်ဟု ထင်မိခဲ့သည်။

သို့သော် သူက ဆိုလာခဲ့သည်။

“ကျွန်တော် တီးဝိုင်းတစ်ခု ထောင်ထားတယ်။ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်မလို့ ဂီတာတီးတတ်တဲ့ အဆိုသမားတစ်ယောက် လိုတယ်”

ချင်ယိယွီ : “ထားတော့… အကြွေးလာတောင်းတာကမှ ပိုကောင်းအုံးမယ်”

သို့သော်လည်း နောက်ဆုံးတွင်တော့ သူ လက်ခံခဲ့သည်။ ဤမျှအထုံပါရမီရှိသော ဘေ့စ်ဂီတာသမားတစ်ယောက်ကို သူ လက်မလွှတ်လိုက်ချင်ပါ။

—— ထို့နောက်တွင် ——

နန်ယီ : ချင်ယိယွီက ကျွန်တော့်အတွက် ပန်းတိုင်တစ်ခုနဲ့ သဏ္ဌာန်တူတယ်
ချင်ယိယွီ : (ရုတ်တရက် သဘောပေါက်သွား) ငါ့ကို ကြိုက်နေတာပဲ
နန်ယီ : ကျွန်တော်တို့တွေ သူငယ်ချင်းလုပ်လို့ ရပါတယ်
ချင်ယိယွီ : သိပြီ။ အကျိုးတူသူငယ်ချင်းလေးပေါ့။ ငါက အဖြောင့်ပေမဲ့ မင်းကိုတော့ နမ်းလို့ရပါတယ်
နန်ယီ : (အသက်ရှူလိုက်)
ချင်ယိယွီ : သူ ငါ့ကို တော်တော်ချစ်တာပဲ

ပြိုင်ပွဲအတွင်း၌ ဤတီးဝိုင်းအသစ်အပေါ် မည်သူကမျှ မျှော်လင့်ချက်ကြီးကြီးမထားကြပေ။ စင်နောက်မှဝန်ထမ်းများပင်လျှင် မှတ်ချက်ပြုနေခဲ့ကြသည်။

“ဘေ့စ်ဂီတာသမားက ချောတာတော့ ချောပါတယ်။ ဒါပေမဲ့ မျက်နှာက ထမင်းမှမကျွေးတာ။ ဒရမ်သမားက ဒေါသကြီးချက်က စင်ပေါ်မှာတင် လူကို ထိုးမိတော့မလို့လို့ ကြားတယ်။ ကီးဘုတ်သမားက အလုပ်ထုတ်ခံရတဲ့ ဘဏ်ဝန်ထမ်းနဲ့ တူတယ်။ ပြီးတော့ နာမည်တော့ကြီးပေမဲ့ အကျင့်စရိုက်က ဆိုးဝါးလွန်းတဲ့ အဆိုသမားဆို အရင်တီးဝိုင်းကနေတောင် အထုတ်ခံထားရတာ။ ဒီလို ယာယီ lineup နဲ့ အဖွဲ့က ‌အနိုင်ရနိုင်ပါ့မလား”

မမျှော်လင့်ဘဲ လေးယောက်လုံးက အနောက်တည့်တည့်တွင် ရှိနေခဲ့ကြသည်။

ဟန်ရှင်းရှီခယ့်Where stories live. Discover now