PART 6

88 10 6
                                    

UNICODE

IDOL IMAGE ထိခိုက်လိုခြင်းမရှိပါ..

နှစ်ရက်ပိတ်ပြီးကျောင်းပြန်ဖွင့်တော့ Khaotung လည်းသက်သာနေပြီဖြစ်သောကြောင့် ကျောင်းတက်မည်ဟုဆုံးဖြတ်သည်
ထိုပိတ်ရက်နှစ်ရက်လုံးတွင် First က သူ့အားများစွာဂရုစိုက်ပေးပါသည် ဆေးလည်းပုံမှန်လိမ်းပေးသလို စားဖို့သောက်ဖို့ကအစ အများကြီးဂရုစိုက်ပေးရှာသည်
အခုလည်း အိမ်ရှေ့တွင် ဆိုက်ကယ်သံကြားသဖြင့် First ရောက်နေပြီဟု သူထင်သည် ထို့ကြောင့် သူအိမ်ပြင်သို့ထွက်လာခဲ့သည်

"အကို..လမ်းလျှောက်ရတာအဆင်ပြေရဲ့လား"

"အင်း အဆင်ပြေသွားပြီ..အကို Fir ကိုကျေးဇူးအများကြီးတင်တယ်နော်"

"မလိုပါဘူးဗျာ..သွားကြမယ်လေ အကို လာ"

"အင်းအင်း"

First နှင့် Khaotung တို့ကျောင်းရောက်ရောက်ချင်း ကန်တင်းနားတွင် Neo အားတွေးလိုက်ရသည် Neo ကလည်း သူတို့နှစ်​ယောက် ရှိရာသို့အပြေးလာသဖြင့်

F"ဟျောင့် ဖြေးဖြေးလာပါကွ သေမလို့လား"

N"အေး သေတာငါမဟုတ်ဘဲ မင်းဖြစ်မယ်ဟျောင့်ရေ မင်းအမေ မော်ကွန်းထိမ်းအခန်းမှာ မင်းကိုစောင့်နေတယ် မင်းဘာတွေပြဿနာရှာထားတာလဲ"

F"နောက်မှရှင်းပြမယ်..မင်းအကို့ကို မေဂျာဆောင်လိုက်ပို့ပေးလိုက်ပါလား ငါအကူအညီတောင်းပါတယ်ကွာ ငါမြန်မြန်သွားလိုက်မယ်"

N"အင်း ရတယ်လေ"

K"Fir..အကိုလည်းလိုက်ခဲ့မယ် ဒါအကို့ကြောင့်ဖြစ်တဲ့ပြဿနာ အကိုလည်းလိုက်မယ်"

F"မလိုက်ပါနဲ့ဗျာ..ကျွန်တော်ပဲကြည့်ရှင်း..."

K"Fir!အကိုပါလိုက်မယ်"

Khaotung မျက်နှာထားအနည်းငယ်တင်းပြီးပြောလိုက်သည်

F"အင်းအင်း ပြီးတာပဲ"

သူတို့နှစ်ယောက်သွားသည်ကို Neo ကတော့ဘာမှမသိစွာနဲ့ ကြောင်တောင်တောင်ကျန်ခဲ့လေသည်
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
သူတို့ မော်ကွန်းထိမ်းအခန်းသို့ရောက်သွားသော် First ၏အမေအပါအဝင် Khaotung တို့မေဂျာရှိ ဟိုကောင်တွေအုပ်စုအပြင်သူတို့အမေများလည်းရှိနေသည်

MAYBE MY BOYFRIEND [Ongoing]Where stories live. Discover now