Part 1

4 2 0
                                    

ပတ္၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး အခန်း၀ရံတာကနေငေးကြည့်ရင်မြင်နေရတဲ့ လမင်းလေးကထိန်ထိန်သာနေတယ်
'နှိုင်း ´ တစ်ယောက် လမင်းကိုငေးကြည့်ရင်း အတွေးထဲနစ်မြောနေစဥ္ အိပ်ရာပေါ်ကမြည်လာသော ဖုန်းသံကြောင့် အခန်းထဲပြန်၀င်လိုက်သည် ဖုန်း Ringtone သံ ကိုကြားသည်နှင့် နှိုင်း သိလိုက်ပါသည်  Until I found you  သီချင်းသံကိုထားထားတာ တစ်ဦးတည်းသောသူလေးဆိုတာကိုပေါ့  

နှိုင်းဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်ကအသံလေးက  နှိုင်းရေ......ဆိုပြီး ' ရှိုင်း ´
တစ်ယောက်​ခေါ်ပါလေရော

" ဟေ့ကောင် ရှိုင်း ဘာကိစ္စရှိလို့ ဒီအချိန်ကြီးဖုန်းဆက်တာလဲ ပြီးတော့ အဲလိုပျစ်ချွဲချွဲအသံနှင့် ငါ့ကိုမခေါ်ပါနဲ့ ခွေးကောင်
ဆိုပြီး နှိုင်း မျက္မှောင်ကျုံ့ရင်း ပြောလေသည် "´

" အာ နှိုင်းကလည်း ရှားရှားပါးပါးအားကိုးရတဲ့ဒီသူငယ်ချင်းတစ်ယောက်ပဲရှိတာကို ငါက မင်းကိုမခေါ်ရင် ဘယ်သူ့သွားခေါ်ရမှာလဲ
ကွာ"

နှိုင်းနှင့်ရှိုင်းတို့က ငယ်ငယ်လေးတည်းက သွားအတူလာအတူ ငယ်ပေါင်းဖော်တွေပါ နှိုင်းတို့ ရှိုင်းတို့ရဲ့မိသားစုတွေက တကယ့်ဒိတ်ဒိတ်ကြဲသူ​ေဋ္ဌးတွေဖြစ်တာကြောင့် သူတို့နှစ်ယောက်ကိုဆို တော်ရုံလူမပေါင်းရဲကြ အထူးသဖြင့် ခပ်တည်တည်နေတတ်တဲ့ နှိုင်း ကိုပေါ့ နှိုင်းတို့ state တုန်းကတက်ခဲ့တဲ့ကျောင်းက သူ​ေဋ္ဌးသားတွေချည်းတက်တဲ့ကျောင်းပေါ့ ယောကျာ်လေးသီးသန့်ချည်းတက်တဲ့ ကျောင်းဖြစ်ပြီး သိပ်တစ်ယောက်နှင်တစ်ယောက် ရောရောနှောနှောနေတာမျိုးတွေသိပ်မရှိပေ ဒါကြောင့် ရှိုင်းတို့က တစ်ခြားသူတွေနှင့် ခေါ်ပြောမေးထူးလောက်ပဲရှိတယ်
တကယ်တမ်းပေါင်းဖြစ်ကြတာက သူတို့နှစ်ယောက်ပဲပေါ့

နှိုင်းက ငယ်ငယ်တည်းက မေတ္တာငတ်ခဲ့သူမို့ တစ်ဦးတည်းရှိတဲ့ ရှိုင်း အပေါ်ကိုတကယ်ခင်တွယ်တယ် နှိုင်းမိဘတွေက နှိုင်းကို သိပ်အရေးပေးခဲ့ကြတာမဟုတ်ပေ နှိုင်းဖေဖေဆိုလည်း မိန်းမပွေရှုပ်ပြီး စီးပွားရေးကိုသာအလေးပေးခဲ့သည် နှိုင်းအမေကတော့ နှိုင်းငယ်ငယ်တည်းက ဆုံးသွားခဲ့ရှာတယ် နှိုင်းဖေဖေက နှိုင်းအမေဆုံးပြီးတည်းက မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်တွဲခဲ့တယ် အတည်တကျယူခဲ့တာတော့မဟုတ်ဘူးပေါ့ နှိုင်းက နှိုင်းအဖေရဲ့အစ်မ ဒေါ်ကြီးဆီမှာသာ ကြီးပြင်းခဲ့သူ
တစ်ဖက်က ရှိုင်းကတော့ ထိုသို့မဟုတ် အိမ်မှာအငယ်ဆုံးလေးဖြစ်ပြီး တစ်မျိုးလုံးရဲ့အချစ်ခံလေး... ရှိုင်းမိဘတွေက သူတို့သားငယ်လေးကို လူတိုင်းနှင့်အရေးတယူ မပေါင်းသင်းစေခဲ့ ရှိုင်းမေမေ ဒေါ်ခင်ခင်ချိုက သူ့သူငယ်ချင်းရဲ့သားဖြစ်သူ နှိုင်းမခ နှင့်သာ အရောတ၀င်ပေါင်းစေသည် နိှုင်းရဲ့အမေနှင့် ရှိုင်းအမေတို့က သူငယ်ချင်းတွေမို့ ဒေါ်ခင်ခင်ချိုက သူ့သူငယ်ချင်းရဲ့ကျန်ရစ်ခဲ့တဲ့သားလေး ' နှိုင်း ´ ကို သူ့သားအရင်းလို ချစ်ပေးတယ်

You've reached the end of published parts.

⏰ Last updated: May 09 ⏰

Add this story to your Library to get notified about new parts!

Till the endWhere stories live. Discover now