လှေကားထစ်လေးတွေသည် မများသော်လည်း
အစ်ကို့ဆီသို့ သွားရန် စိတ်စောနေသော သျှားသည်
လျှင်မြန်စွာ ပြေးဆင်းသွားမိသညိ။လှေကားအောက်ခြေတွင် အိမ်တော်ထိန်းနဲ့စကားပြောနေလေသော အစ်ကို့ကို တွေ့ရသည်။
သျှားမြတ်စေသာ၏ ပြေးဆင်းလာတဲခြေသံလေးတွေကို
ကြားတဲ့အခါမှာ အစ်ကိုသည် မျက်မှောင်တို့တွန့်ချိုးလာကာ
လှေကားပေါ်သို့ ခြေလှမ်းလှမ်းလိုက်လျှင်
သျှားမြတ်စေသာ မိုက်ရူးရဲဆန်စွာ ခုန်ဆင်းလိုက်သည်။ယုံကြည်ခြင်းတစ်ခုပင်။
အစ်ကိုသည် သူမနာကျင်အောင် ဖက်ထားပေးမည်ကို
စိတ်ထဲမှ ယုံကြည်သောကြောင့် လုပ်လိုက်သော
လုပ်ရက်တစ်ခုပင်။ခွန်းထက်လွင် ရင်ခွင်ထဲရှိ ကောင်လေးကို
ဆူချင်ပါသော်လည်း ဆူမည့်စကားအစကိုပင်
ရှာမရချေ။
နှာဖူးလေးကို လက်သီးလေးနှင့် ငြင်သာစွာ
တစ်ချက်ထုလိုက်ရင်း မတတ်နိုင်စွာ
ရေရွတ်မိသည်။"သျှား ကိုယ့်အဆိုးလေး။"
နှုတ်ခမ်းထောင့်လေးကို နမ်းရှိုက်လာလေတဲ့
အနမ်းလေးကို ခံစားလိုက်ရတဲ့အခါမှာတော့
ခွန်းထက်လွင်၏ နှုတ်ခမ်းထောင့်လေးသည်
ကော့တက်ရုံမျှသာ တတ်နိုင်တော့သည်။"ကိုယိ နောက်တစ်ခါမလုပ်တော့ဘူး"
ကျိန်ဆိုသလိုလေး လုပ်ပြလာလေသော
နှလုံးသားရဲ့ ကလေးငယ်ကို ခွန်းထက်လွင်
ဘာဆက်ပြောရမည်နည်း။"နောက်တစ်ခါဆိုသာ ရှိလာရင် ကိုယ် ဓာတ်လှေကားပြောင်းတပ်လိုက်မယ်။"
သျှားမြတ်စေသာ အစ်ကို့၏အပြောကို
မတုံ့ပြန်နိုင်တော့ပေ ဒီလူကြီးသည်
အမှန်တကယ် ပြုလုပ်လောက်သည်။ဘေးနားတွင်ရပ်နေသော အိမ်တော်ထိန်းမှာတော့
သူ့ရင်ဘက်လေး သူဖိထားရုံသာ တပ်နိုင်တော့သည်။
သူ့လိုအသက်ကြီးနေတဲ့သူအနေနဲ့ မျက်လုံးတောင်
ပြာသွားသည်။*ဒီသခင်လေးက အန္တာရယ်များတာကို အရမ်းဆော့ကစားတာဘဲ။ သခင်ကြီးကလည်း
အလိုလိုက်လွန်းတယ်"သျှားမြတ်စေသာ အစ်ကို့၏ လက်မောင်းလေးကို
တွဲချိတ်လိုက်လို့ ပင်လယ်ပြာရောင်မျက်လုံးလေးတွေသည်
မှိတ်ကျမတတ် ပြုံးမိသည်။
အစ်ကို့၏ ပုခုံးလေးကိုပါ ခေါင်းလေးနှင့်
တိုးဝှေ့လိုက်လျှင် အစ်ကို့၏ သဘောတကျရယ်သံကို
သျှားကြားလိုက်ရသည်။
YOU ARE READING
Melting In Love (Complete)
Romanceမြင်မြင်ချင်း ချစ်မြတ်နိူးတဲ့အချစ်ရဲ့ လက္ခဏာကို ဖော်ပြခြင်ရင် လာဗင်ဒါလေးကို ပေးလို့ရတယ်။ ဒါကြောင့် ကိုယ် ခင်ဗျားကို လာဗင်ဒါပေးမယ်။ #သျှားမြတ်စေသာ မြင်မြင်ချင်း ချစ်မြတ်နိုးတဲ့အချစ်ရဲ့ လက္ခဏာကို ဖော်ပြခြင်ရင် လာဗင်ဒါလေးကို ပေးလို့ရတယ်။ ဒါကြောင့်...