Final Part

22K 332 6
                                    

I don't love you

Part.20(ဇာတ်သိမ်းပိုင်း)

သူမကိုယ်ဝန်ရှိနေတာသေချာပြီဆိုတာနဲ့နေသွေးကအလုပ်ကိုတောင်ပုံမှန်မသွားတော့ဘဲသူမကအနီးကပ်စောင့်ရှောက်ပေးရှာ၏။

သူမကလည်းကိုယ်ဝန်ရှိတာနဲ့ပဲလူကအိပ်ရာထဲပျော့ခွေသွားခဲ့ရသည်။
ဗိုက်ကြီးနာစွဲတဲ့ဒဏ်ကိုသူမမှာအလူးအလဲခံခဲ့ရ၏။

ဒါတွေမြင်တော့နေသွေးကပိုပြီးစိတ်မကောင်းဖြစ်နေပုံပါပဲ။
သူမအားစိတ်အဆင်မပြေမဖြစ်အောင်အတော်လေးသတိထားဂရုစိုက်ရှာသည်။

''သစ်ရွက် လိမ္မော်ရည်လေးသောက်လိုက်ပါလား လာ ခေါင်းကြည်သွားအောင်လို့''

သူမကအိပ်ရာထက်လှဲနေရင်းမှခေါင်းရမ်းပြလာ၏။

''အဲဒါဆိုဘာစားချင်လဲ ငါဘာလုပ်ပေးရမလဲ''

သူမကခေါင်းသာရမ်းနေ၍သူလက်ထဲကလိမ္မော်ဖျော်ရည်ခွက်အားစားပွဲပေါ်တင်ကာသူမဘေးနေရာလွတ်မှာဝင်ထိုင်ကာသူမလက်ကိုဆုပ်ကိုင်လိုက်ပြီးမှ

''နောက်တစ်ခါတော့တော်ပါပြီဟာ နင်အခုလောက်ထိဒုက္ခတွေခံစားရမယ်မှန်းမသိလို့ကလေးလိုချင်ခဲ့မိတာ ဒီလိုမှန်းသိရင်ကလေးမယူခဲ့ပါဘူး''

''မဟုတ်တာ ခုကလနုတုန်းပဲရှိသေးတာလေ နောက်ဆိုအဆင်ပြေသွားမှာပါ ငါဘာမှမဖြစ်ပါဘူး''

''ဒါပေမယ့်ငါကမကြည့်ရက်တော့ဘူး နင့်အစားငါပဲဖြစ်လိုက်ချင်တော့တယ်''

နေသွေး,အရင်ကထက်ချောင်ကျသွားသောသူမမျက်နှာကိုကြည့်ကာစိတ်မကောင်းစွာဆိုရင်းသူမနဖူးအားခပ်ဖွဖွနမ်းလိုက်၏။

ပြီးတော့သူမ​ဗိုက်ချပ်ချပ်လေးကိုအသာကိုင်ကာ

''ကလေးလေး မေမေ့ကိုဒီလောက်ပဲဒုက္ခပေးတော့ မေမေပင်ပန်းနေပြီ''

သူ့စကားကြောင့်သစ်ရွက်ကခပ်ယဲ့ယဲ့ပြုံးကာ

''သွေးခဲလေးပဲရှိသေးတာကိုဘယ်နားလည်မှာလဲ''

''ဟုတ်လား မသိဘူးဟာ ငါကတော့ငါ့ကလေးနဲ့နေ့တိုင်းစကားပြောမှာ ကဲပါ နင်စားဖို့အတွက်ငါတစ်ခုခုသွားစီစဥ်လိုက်ဦးမယ် ဘာမှမစားလို့တော့မရဘူး မဟုတ်ရင်အားပိုပြတ်လိမ့်မယ်''

You've reached the end of published parts.

⏰ Last updated: Sep 04 ⏰

Add this story to your Library to get notified about new parts!

I don't love you[completed]Where stories live. Discover now