"လီယို မင်းပြောတော့ အဆင်ပြေတဲ့သူတွေ အများကြီးဆို အခုထိ တစ်ယောက်တောင် မတွေ့ဘူးသေးဘူး... ထပ်လည်း အင်တာမဗျူး ချင်တော့ဘူး ဘယ်နှစ်ယောက်တောင်ကျန်သေးလဲ"
"အများကြီး မကျန်တော့ပါဘူးဗျ..နောက်ထပ် တစ်ယောက်ပဲ ကျန်တော့တာပါ"
"အဲ့တာဆိုလည်း အမြန်ခေါ်လိုက်တော့ တကယ်ပဲ ငါ့အချိန်တွေ ကုန်တယ်"
နောက်ဆုံး အင်တာဗျူး ဖြေမယ်သူတစ်ယောက် ဝင်လို့ရပါပြီ
အယ်ဗန် လည်း နောက်ဆုံး တစ်ယောက်မို့ စိတ်ကို အတတ်နိုင်ဆုံး ရှည်အောင်ထားလိုက်ရင်း အင်တာဗျူး ဖို့ပြင်လိုက်သည်... ထို့နောက် လီယိုကမ်းပေးသော အင်တာဗျူးလျှောက်ထားသူရဲ့အချက်လေးတွေကို ကြည့်လိုက်သော်
"အမည် : ရှင်းဂျယ်ယွန်း..."
သူရင်းနှီးနေသည့် နာမည်မို့ ထိုကောင်လေးမြန်းဖြစ်နေမလားဆိုသော စိတ်နဲ့ လျှောက်လွှာမှာ ကပ်ထားတဲ့ ID ပုံလေးကို ကြည့်လိုက်တော့ သူနဲ့စိမ်းမနေနဲ့ မျက်နှာလေး
ထိုစဉ် အခန်းတံခါးကို ဖွင့်ပြီး အင်တာဗျူးဖြေဖို့ ဝင်လာတဲ့ကောင်လေး ... သူ့ကိုတွေ့လို့ လန့်သွားဟန် ရှိတဲ့ မျက်ဝန်းလေးများ
အမှန်တကယ်တော့ အယ်ဗန်ကိုယ်တိုင်လည်း လန့်သွားမိပါသည်... မထင်ထားမိဘူးပဲ ထိုကောင်လေးကို အခုလိုအခြေအနေမျိုးနဲ့ ပြန်တွေ့ရမယ်လို့ ရှင်းGroup ရဲ့ တစ်ဉီးထဲသော သားလေးက ဘယ်လိုလုပ်ပြီး အခြားသူရဲ့ အတွင်းရေးမှူး အဖြစ်အလုပ် လာလျှောက်ရတာလဲ ... ရှင်းGroup ကို ရောင်းလိုက်ပြီး တစ်မိသားစုလုံး နိုင်ငံခြားကိုပြောင်းသွားတဲ့ သတင်းကို ကြားမိပေမယ့် ဘာကိစ္စကြောင့် ပြောင်းသွားရလည်းဆိုတာ သူသေချာမသိလိုက်... သူနဲ့ မဆုံဖြစ်တဲ့ အတောအတွင်းမှာ ရှင်းဂျယ်ယွန်းက တကယ်ပဲ ဘာတွေ ပြောင်းလဲသွားရတာလဲ
"သူဌေး...သူဌေး အင်တာဗျူးစလို့ရပြီလေ"
သူဂျယ်ယွန်းကို ကြောင်ကြည့်နေသည်ကို ဘေးနားမှ လီယိုကပင် သတိထားမိသွားပုံရသည်.. ထို့ကြောင့်သူ့ကို ဘေးနားကနေ သတိမလွတ်စေရန် လှုံဆော်ပေးလိုက်သည့်ပုံ
YOU ARE READING
𝐃𝐞𝐚𝐫 𝐇𝐞𝐚𝐫𝐭 , 𝐖𝐡𝐲 𝐡𝐢𝐦 ?
Fanfiction"အခုဒါတွေအားလုံးရဲ့ အဆိုးဆုံးအပိုင်းက ဘာလဲသိလား?" "....." "ခင်ဗျားကို ကျွန်တော်ချစ်မိသွားတာပဲ" -Both Unicode and Zawgyi -