အခန်း ၁ { မိုးတွေသည်းတဲ့နေ့ } ( U )

115 6 0
                                    

ပေါက်...ပေါက်...ပေါက်..

ရေချိုးခန်းထဲမှ ထွက်ထွက်ခြင်း ခေါင်းပေါ်မှ တစက်စက်ကျနေသည့် ရေစက်တွေဟာ သူ့အတွက်တော့ စိတ်ပျက်စရာပင်။ သဘတ်ဖြင့် ဆံနွယ်များအား ကြမ်းပတမ်းသုတ်မိပြန်တော့ စိုထိုင်းမှုက သဘတ်ပေါ်သို့ကူးစက်သွားပြန်၏။

ထို့နောက် ရေမချိုးခင်က ကုတင်ပေါ်တွင်ထုတ်ထားခဲ့သည့် ညဝတ် Pajamas အဖြူရောင်ကို ကောက်ဝတ်ကာ စာကြည့်စားပွဲထက်တွင်နေရာဝင်ယူလိုက်၏။ ရှင်းလင်းသပ်ရပ်နေသည့် စာကြည့်စားပွဲက သူ့စိတ်အား ခဏအတွင်းကြည်လင်သွားစေသည်။ ပြီးနောက် တပ်ဆင်နေကျ မျက်မှန်အဝိုင်းအထူကြီးကို ကောက်တပ်လိုက်သည်။

ဂျိန်း!...

အပြင်ဘက်က ခပ်ပြင်းပြင်းမိုးခြိမ်းသံနှင့်အတူ သူ့ခန္ဓာကိုယ်ကပါ အလိုလိုတုန်တက်သွားသည်။ စာကြည့်စားပွဲပေါ်က မှောက်ထားသည့်ဖုန်းကိုဖွင့်ကြည့်လိုက်တော့ အချိန်က 11:11 ။ ဖုန်းထံမှအကြည့်ခွာကာ လိုက်ကာမချထားသော မှန်ပြတင်းကိုကြည့်မိလေတော့ အပြင်ဘက်တွင် အမှောင်ထုကိုနောက်ခံထား၍ သည်းသည်းမဲမဲ ရွာနေသောမိုး။ ဘာကြောင့်ရယ်မသိ စိတ်ထဲ မသိုးမသန့်ခံစားရသည်မို့ လိုက်ကာအား ဖြည်ချလိုက်သည်။

တင်းတောင်... တင်းတောင်...

" ဟော ကိုကိုပြန်လာပြီထင်တယ်... "

ပါးစပ်ကလည်းပြောရင်း သုခဘုံသျှန် တံခါးနားသို့ အမြန်သွား၍ ဖွင့်ပေးလိုက်သည်။ တံခါးဖွင့်ဖွင့်ချင်း စိုထိုင်းမှုတစ်ခုကိုအရင် ခံစားမိသည်။ ထို့နောက် သူ့အား အုပ်မိုးလာသော ကြီးမားသည့်အရိပ်တစ်ခု။ ကိုကို့စီမှရနေကျ ရေမွှေးရနံံ့အစား သူနှာဖျားတွင်လာရောက်ကျီစယ်ပါသော သွေးညှီနံံ့က လေထုအလယ် ခပ်ပြင်းပြင်း။

သုခဘုံသျှန် လက်သီးတစ်ချက်ကို တင်းတင်းဆုပ်၍ မော့ကြည့်လိုက်စဥ် အခန်းအတွင်းသို့အကြမ်းပတမ်းတိုးဝင်ကာ တံခါးကို ချက်ချင်းပိတ်လိုက်သော လူတစ်ယောက်။ ကိုကိုတော့လုံးဝမဖြစ်နိုင်။ သုခဘုံသျှန် တုန်ချင်နေသည့်အောက်နှုတ်ခမ်းအား သွားဖြင့်အသာဖိကိုက်လိုက်သည်။

LOVE STORYWhere stories live. Discover now