𝐌𝐚𝐫𝐬𝐡𝐦𝐚𝐥𝐥𝐨𝐰 𝐇𝐮𝐠𝐬

513 50 7
                                    

Marshmallow Hugs [Hariboz]

Note [Commission Request အတိုင်း hariboz ကို Omegaverse Oneshot အနေနဲ့သွားထားတာပါ ~ တချို့ကျ Omegaverse ကိုဖတ်လေ့ဖတ်ထမရှိတဲ့အတွက် Note မှာ ကြိုပြီး အသိပေးတာပါရှင့် သဘောကျဖို့အတွက်မျှော်လင့်ပါတယ် ]

⁠♡𓂃

"ရှန်အိမ်က သခင်လေးနဲ့ ကျန်းအိမ်က သခင်လေးရဲ့ ပေါင်းကူးတံတားထင် "

"အရူးရယ် brand အသစ်အတွက် event လေးအတူလုပ်ရုံကို မွှန်နေသေးတယ် !"

ပွဲထဲဝင်ဝင်ခြင်း သူ့အကြားအာရုံကို တံခါးခေါက်သွားသော စကားသံနှစ်ခု။

မျက်လုံးတွေမှိတ်ချလိုက်ရင်း ခေါင်းကိုဘယ်ညာခါကာ သူစိတ်လျှော့လိုက်သည်။ အခုခေတ်မိန်းကလေးတွေက ဒါမျိုးပဲ စိတ်ဝင်စားကျသလား။ ဟိုအိမ်တော်က သခင်လေး ၊ ဒီအိမ်တော်က သခင်လေး စသဖြင့် လိုက်၏ မလိုက်၏ တည့်၏ မတည့်၏ မစဉ်းစားပဲ ဆွဲစိ ship နေကြတာ !

"ဪ ကျန်းသခင်လေးရောက်လာပြီပဲ ကြွပါ ကြွပါ ကျွန်မတို့က မျှော်နေတာ "

"ရပါတယ် ကျန်းဟောက်လို့ပဲခေါ်ပါ ဒါနဲ့ ဟိုလူရော..."

"ရှန်သခင်လေးက ဟို....ကိစ္စလေးနည်းနည်းရှိနေလို့ နောက်ကျမယ်ပြောတယ်ရှင့် "

အလကားလူ...။ အလုပ်ကို အလေးမထားတဲ့လူ။ အချိန်ကိုပါ မလေးမစားလုပ်လိုက်သေး။

ကျန်းဟောက်အနေနဲ့ အဲ့သလိုပေါ့ပျက်ပျက်နိုင်တဲ့ မနူးမနပ်မျိုးကို အမုန်းဆုံးပဲ။ ကိုယ်ပိုင် Brand အသစ်ကို မိတ်ဆက်တဲ့ပွဲမှာ စပ်တူလုပ်တဲ့ designer သူကတောင် ပွဲထဲရောက်နေပြီ ပိုင်ရှင်က ဘယ်ပင်လယ်ရေအောက်ထဲမြုပ်နေသလဲမသိ။

အစအနမရှိ !

ဒါနဲ့များ SHEN Brand က ဦးစီးဦးဆောင်ယူနေတဲ့ ရှန်သခင်လေးက သိပ်တော့ပါတယ်ဆိုပဲ ဘယ်နားကတော်တာလဲ ကျန်းဟောက်သိပ်သိချင်မိ၏။

အလကားကောင် Alpha ဂုဏ်မောက်နေတဲ့ကောင် !

"ငါလေ ကျန်းဟောက်ကို သိပ်သဘောကျတာ...Omega ပေမယ့် strong ဖြစ်လွန်းလို့ "

အတွင်းရေးမှူးယီ နဲ့ အတူ စားပွဲမှာ ဝင်ထိုင်လိုက်ရင်း နောက်ဘက်ဝိုင်းကကြားရသော အသံဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

𝐌𝐚𝐫𝐬𝐡𝐦𝐚𝐥𝐥𝐨𝐰 𝐇𝐮𝐠𝐬 [𝐇𝐚𝐫𝐢𝐛𝐨𝐳]Where stories live. Discover now