အပိုင်း - ၇ ( U )

11.5K 615 114
                                    


                    “Knew he was a killer,
                      First time that I saw him..”




    ညဘက်ဆိုပေမယ့် ကုန်တင်ကားတွေရဲ့နှုန်းက နှေးမသွားပါ။ သွားလာသည့်ယာဉ်နည်းပါးသော အဝေးပြေးလမ်းမကြီးပေါ်မှာ ဆယ်စီးဝန်းကျင်လောက်ရှိတဲ့ကုန်တင်ကားတွေအပြင် အမိုးပွင့်ဂျစ်ကား ငါးစီး၊ ခြောက်စီးလောက်ပါတဲ့ အုပ်စုကြီးတစ်စုက ထင်သာမြင်သာနေပေမဲ့ စစ်ဆေးရေးဂိတ်တိုင်းမှာ အတားအဆီးမရှိ ဖြတ်သန်းခွင့်ရခဲ့တာပဲဖြစ်သည်။

        “သင်္ဘောက အသင့်ရောက်နေပြီတဲ့ ခေါင်းဆောင်။ ပြောထားတဲ့အတိုင်းပဲ ဆိပ်ကမ်းနဲ့‌ဝေးဝေးမှာစောင့်နေတယ်”

    အကြောင်းကြားချက်ရလာတာနဲ့ ကုန်တင်ကားတွေရဲ့ရှေ့ဆုံးမှ ဦးဆောင်မောင်းနှင်လာတဲ့ ဂျစ်ကားဒရိုင်ဘာဘေးခုံမှ လွန်က ချက်ချင်းအကြောင်းပြန်ခိုင်းလိုက်သည်။

        “ဆိပ်ကမ်းကကောင်တွေကို မော်တော်ဘုတ်‌တွေ အသင့်ပြင်ခိုင်းထား။ ငါတို့ ဆယ့်ငါးမိနစ်အတွင်းရောက်မယ်”

        “ဟုတ်ကဲ့”

    ပြောပြီးချက်ချင်း လွန် အနောက်ကိုလှည့်ကြည့်လိုက်ကာ ကုန်တင်ကားတွေ ပြသာနာမရှိကြောင်းသေချာအောင် ထပ်စစ်လိုက်မိ၏။

    လက်နက်တွေတင်ထားတဲ့ ကုန်တင်ကားချည်းပဲ ဆယ့်သုံးစီးရှိသည်။ အစီးတိုင်းမှာ အမ်ဖိုး၊ အေကေ ချေမှုန်းရေးရိုင်ဖယ်များအပြင် M249၊ M134 အစရှိသည့် စက်သေနက်များနဲ့ RPG-7မှစကာ အခြားသော လက်နက်အမျိုးအစားတွေ အပြည့်ဖြည့်ထားသည်။ လောင်ချာနဲ့လက်ပစ်ဗုံးတွေသာမက အသေးစားမြေမြုပ်မိုင်းတွေအထိ ပါဝင်တဲ့ ဒီတစ်ခေါက်ပို့ဆောင်မှု၏တန်ကြေးက အ‌မေရိကန်ဒေါ်လာလေးဆယ်မီလီယံထိရှိပြီး လွန် ဦးဆောင်ခဲ့သမျှပစ္စည်းပို့ဆောင်မှုတွေထဲ ကြေးအမြင့်ဆုံးလည်းဖြစ်၏။

    ဒါအပြင် Poisonအတွက် မက္ကဆီကန်လက်နက်ဈေးကွက်ထဲဝင်ဖို့ ပထမဆုံးခြေလှမ်းဆိုလည်းဟုတ်သည်။ ဒီပို့ဆောင်မှုသာ ချောချောမွေ့မွေ့ဖြစ်သွားပါက Poisonရဲ့ဈေးကွက်နယ်မြေက ပိုကျယ်လာမှာဖြစ်ကာ ရလာမယ့်အကျိုးအမြတ်ကလည်း သိသာနေတာကြောင့် အကြီးအကဲကတောင် ဒီကိစ္စကို အလေးထားနေမှန်း လွန် သိသည်။ ဒါကြောင့်မို့လည်း သူ့အတွက် တာဝန်ပိုကြီးသွားကာ အစစအရာရာသတိထားဖို့ လိုလာတာဖြစ်သည်။

"Armed affection"Where stories live. Discover now