"Part-2"

30 2 0
                                    

  'Triple M
                  company limited'

    'အဖေ့ရဲ့ company ရှေ့ရောက်တော့ ကားကို packing ထိုးလိုက်ပြီး၊'

        "ကျွန်တော် လိုက်ခဲ့ရမလား အဖေ၊"

        "နောက်ရက်မှလာခဲ့ပါ ၊ဒီနေ့ကအရေးကြီးဧည့်သည်တစ်ယောက်‌ ရောက်လာလို့၊အဖေ တက်တော့မယ်၊သားလဲ ကားကို ဂရုစိုက်မောင်းပြန်နော် သား၊"

  'ကျွန်တော့် အဖြေကိုတောင် မစောင့်ဘဲ အမြန်တက်သွားပုံ အရ အရမ်းအရေးကြီးနေလို့ထင်တယ်၊ထိုစဉ်

တူ တူ တူ (ဖုန်းမြည်သံ)
  
❤️နွေး❤️   ဆိုတဲ့ contact nameကြောင့် နှုတ်ခမ်းထောင့်စွန်းလေး ကွေးသွားပြီး

    "ဟုတ်ကဲ့၊အမိန့်ရှိပါ ခင်မျာ၊ "

    *အင် ၊ဒါ ကိုကိုရဲ့ဖုန်းမဟုတ်ဘူးလားရှင့်၊*

'တစ်ဖက်ကထွက်ပေါ်လာတဲ့ ကြောင်တောင်တောင်အသံလေးကြောင့် ဆက်ပြီးစချင်လာ၍

     "မဟုတ်ပါဘူး ခဗျ၊"

      *အာ၊ဒါက ကိုကို ဖုန်းနံပါတ်ဆိုတာသေချာပါတယ်၊ဟေ့လူ ခများ ကိုကို့ ဖုန်းကို ခိုးထားတာမလား၊*

       "ဟာ စွပ်စွပ် စွဲစွဲဗျာ၊ဒါက ကျွန်တော့်ဖုန်းသေချာပါတယ်ဗျ၊v-day တုန်းက ကျွန်တော့် ဇနီးလောင်း
မနွေးစေသော်ကိုယ်တိုင် ရွေးပေးထားတာပါဗျ၊"

       *ကိုကို့၊ လူကို လာ‌ေနာက်နေတယ်ပေါ့၊ဟုတ်လား၊
သွား မခေါ်တော့ဘူး၊*

'ဒေါသထွက်နေတယ် ထင်ပါရဲ့ အသံလေးက
        ဆောင့်ဆောင့်အောင့်အောင့်လေး'

       "မခေါ်လို့ မရပါဘူးဗျ၊ နွေးမခေါ်ရင် ကိုကို့ နှလုံးသားလေးက နာကျင်ပြီး သေဆုံးသွားမယ်ထင်တယ်"

        *စကားတွေတတ်နေတယ်ပေါ့၊ဒါတွေ ခနထားပါဦး၊အဖေက ဒီနေ့ ညနေ ရန်ကုန်ပြန်ရောက်မှာ လေဆိပ်ကို သွားပြီး ကြိုပေးပါဦး၊*

         "ဟုတ်ပြီလေ ၊ဘယ်အချိန်တုန်း ပြောပါဦး မိန်းမရဲ့၊"

         *ဟာ ၊ကိုကိုကကွာ ၊ဘယ်လိုတွေ ခေါ်နေတာတုန်း ၊နားရှက်တယ်လို့၊ထားပါ  ၅နာရီလောက်သွားကြိုပေးနော် ကိုကို၊*

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

"ချစ်ခြင်းသီတဲ့ တေးသွားငယ်"Where stories live. Discover now