Unicode
မိဘတွေဟာ သူတို့ကို သားလေး သားလေးဟူ၍ပင် ခေါ်နေသောကြောင့် သူငယ်ချင်းတစ်စုကြောင်သွားကာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်
မယုံသင်္ကာဖြစ်သောကြောင့် ဟန်ကြည်စုမှမေးလိုက်သည်
"အမေ သမီးကို မှတ်မိတယ်ပေါ့"
သူ့အမေဟာ အံ့သြသွားကွာ ငိုကြီးချက်မဖြင့် ပြောတော့သည်
"ကိုထွန်းထွန်းဦးရေ လုပ်ပါအုံး ရှင့်သား..ရှင့်သား ခြောက်သွားပြီနဲ့တူတယ် ငါ့သားလေး.."
ဟန်ကြည်စု be like:"ဟမ်!???"
ထိုအခါ တာရာကြယ်စင့် အမေမှ
"မသွယ် ကျွန်မသားရောပဲ နည်းနည်းလွတ်သွားတာထင်တယ် ဦးနှောက်ထိသွားတာလားမသိဘူး ဒေါက်တာ ဒေါက်တာ!"
သူငယ်ချင်းလေးယောက် ဘာမှမပြောရသေးခင်မှာပဲ ဆရာဝန်ရောက်လာကာ ကောင်းမွန်ကြောင်း ဆေးရုံဆင်းလို့ရပြီဖြစ်ကြောင်း ပြောသွားသည်
မိဘတွေဟာ အသီးသီးအိမ်ပြန်ခေါ်သွားပြီဖြစ်တဲ့အတွက် သူငယ်ချင်းတွေ လူစုကွဲကာ အဆက်အသွယ်မရဖြစ်တာ 2လလောက် ကြာမြင့်ခဲ့သည်
ယခုအခြေအနေမှာ သူတို့နားလည်လိုက်တာဟာ သူတို့က မွေးကတည်းက ယောက်ျားလေးဖြစ်ပြီး နာမည်အသစ် ပုံစံအသစ်တွေပေမဲ့ မိဘတွေ ဆွေမျိုးတွေ အိမ်နေရာ အသက် ကျောင်းဟာ အကုန်လုံးတူညီနေခဲ့သည်
(ရှင်းလင်းဖော်ပြချက်_ဇာတ်ကောင်မိတ်ဆက်)
ဟန်ကြည်စု ⫸⫸ ဟန်အာကာမောင်
သော်သိမ့်သိမ့်ဇော် ⫸⫸ လွမ်းရသဇော
ပန်းအိဖြူ ⫸⫸ ပိုင်အောင်ဖြိုး
တာရာကြယ်စင် ⫸⫸ ကျော်စောကို
______________________________________2လကြာသော်
(ယခုကစပြီး ယောက်ျားလေးနာမည်ကိုပဲ သုံးသွားတော့မှာပါ)
ဟန်အာကာမောင်တစ်ယောက် 2လကြာ အိမ်တွင်းအောင်းပြီးနောက် စကိတ်စီးခွင့်ရခဲ့လေပြီ
ညနေစောင်းစောင်း 6နာရီဝန်းကျင် နွေရာသီဖြစ်သောကြောင့် မမှောင်သေးဘဲ အလင်းပြုနေသေးသည် ဟန်အာကာမောင် သီချင်းလေးညည်းရင်း စကိတ်စီးနေတုန်း တစ်ဖက်က စကိတ်စီးနေတဲ့လူတစ်ယောက်ကို ရင်းနှီးနေဟန်ရှိသည် သေချာကြည့်လိုက်တော့မှ
YOU ARE READING
Fujoshiမ၏ ဆုတောင်းတစ်ခု(Fujoshiမ၏ ဆုေတာင္းတစ္ခု)