''1''

166 25 3
                                    

Uni

" ပျက်စီးသွားတဲ့အိမ်ထောင်ရေးမှာ
နှစ်ဦးစလုံးနစ်နာတယ်ဆိုတာမရှိပါဘူး
တဖက်တည်းက ဘဲသိသိသာသာ နစ်နာ
တာပါ"

အတော်လေးကျယ်တဲ့ဟောခန်းကြီးမှာ
နှိုးဆော်တဲ့သြဘာသံတခုကအားနဲ့မာန်
နဲ့ကျယ်လောင်နေသည်။စည်ကားပီးအတွေး
များကိုယ်စီနဲ့လူအုပ်ကြီးရယ် ထိုလူအုပ်
ကြီးနဲ့မျက်နှာချင်းဆိုင် စင်မြင့်ပေါ်က
အရပ်မြင့်မြင့်နဲ့ချောမောတဲ့လူတယောက်
က ရှိနေသည်။

ထိုလူရဲ့နောက်ဘက်မှာခပ်မြင့်မြင့်တင်
ထားတဲ့စာတန်းတခုက အိမ်ထောင်ရေး
ရှေ့နေ့"Kim Taehyung "၏ဟောပြောပွဲ
တဲ့လေ....

" ဒါကြောင့် ကိုယ့်ဘက်ကဆွဲရမဲ့ဆက်ဆံရေး
တွေဆိုရင်တော့ လက်လွှတ်လိုက်တာ
အကောင်းဆုံးပါဘဲ "

အပြုံးခပ်ချိုချိုလေးနဲ့ပေါ့ပါးတဲ့အမျိုး
သားတယောက်ပါ။ငယ်ပင်မဲ့အောင်မြင်
နေတဲ့အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့အကြံ
ပေးစာအုပ်တေလည်းရေးသားတဲ့​ရှေ့နေ
Kim Taehyung ကိုမသိသူကရှားတယ်။

အောင်မြင်နေတဲ့အလျောက်ကောလဟာလ
တချို့ကလည်းရှိနေသေးတယ်။Kim Taegyungကိုအမျိုးသားတယောက်နဲ့အိမ်
ထောင်ကွဲခဲ့တယ်တဲ့။တချို့ကလည်း
စိတ်ကျရောဂါခံစားနေရတဲ့သူတဲ့။တချို့က
လည်းသူ့အမျိုးသမီးကကလေးနှစ်ယောက်နဲ့
ထားခဲ့တယ်ပြောတယ်။

ဒီမေးခွန်းတေကသူအောင်မြင်လာတာနဲ့
ဖစ်ပေါ်နေတဲ့အဖြေမရှိတဲ့ကောလဟာလ
မေးခွန်းတချို့ပါ။

ဒါမဲ့Kim Taehyungကအများစုအမြင်မှာ
ချောမောပြီးပြည့်စုံတဲ့လူငယ်တယောက်။
အိမ်ထောင်ရေးအကြံပေးရှေ့နေတေထဲမှာ
အကောင်းဆုံးရှေ့နေ့တယောက်ပါဘဲ။

" ကဲဒါဆိုရင်ဒီလောက်ပါဘဲဗျာ
ကျွန်တော်ကခုလိုစင်မြင့်ပေါ်ကနေ
ပြောကြားတဲ့စကားတွေကအားလုံးတွက်
အထောက်အကူဖစ်ဖို့မျှော်လင့်ပါတယ်ဗျာ"

Taehyungရဲ့စကားအဆုံးအသိအမှတ်ပြု
လက်ခုပ်သံတေက ဆူညံသွားတော့သည်။

"Taehyung ဒီနေ့လည်းအကောင်းဆုံး
ဘဲနော် "

စင်ပေါ်ကဆင်းလာပြီးတဲ့နောက်အနားက
လာအားပေးတဲ့အကိုဖြစ်သူကTaehyung
ရဲ့တဦးတည်းဆွေမျိုးသားချင်းပါ။

A broken StoryWhere stories live. Discover now