"2"

61 12 4
                                    

Uni

အချိန်အတော်ကြာ ငေးငိုင်တွေဝေနေတဲ့
စိတ်တေကို taehyung သက်ပြင်းချလိုက်
မိသည်။ လွန်ဆွဲနေတဲ့စိတ်တေက ဒယိမ်း
ဒယိုင်ရယ်။ မှတ်ဉာဏ်အပိုင်းအစလေးတေ
လှုပ်ရှားလာတာနဲ့  ထိန်းချုပ်မရတဲ့နှလုံးသား
က ချုံးပွဲချငိုစေတော့တာဘဲ။

လွင့်မျောနေတဲ့အချိန်တွေက တဖြေးဖြေး
ကုန်ဆုံးလာသည်။ အသိတရားတေပြန်
စုစည်းနိုင်တဲ့ချိန်မှာ အခန်းငယ်ထဲမှာရုပ်
ပျက်ဆင်းပျက် သူဖျက်စီးထားမိတာကို
တွေ့နိုင်တော့တယ်။

" ရှေ့နေ့လေး အဆင်ပြေရဲ့လား"

" အာ! "

ရုတ်တရက်ဝင်လာတဲ့ အခမ်းအနားသိမ်း
နေတဲ့လူတယောက်က သူ့ကိုပူပန်စွာကြည့်
လာသည်။

'' ကျွန်တော် ဘာမှမဖစ်ပါဘူး မိုက်ခနဲမူးသလိုဖြစ်သွားတာနဲ့ ပစ္စည်းတွေတွန်းချ
လိုက်မိတာပါ "

" အာ...ဟုတ် အဆင်ပြေရဲ့လားဗျ "

" ပြေပါတယ် ကျွန်တော်ပြန်ရတော့မှာ
မို့ ဒါတေဒီတိုင်းထားခဲ့လို့ရလားဗျ "

"ဖြစ်ပါတယ်....ကျွန်တော်တို့လည်းလာ
ရှင်းတော့မလို့ပါဘဲ "

taehyungခေါင်းတချက်ငြိမ့်ပြီး ပြုံးပြတော့
ထိုလူကလည်း အသိအမှတ်ပြုခေါင်းငြိမ့်
ကာ သန့်ရှင်းရေးခေါ်လိုက်ဦးမယ်ဆိုပြီး
ထွက်သွားသည်။

taehyungလည်း သူ့လက်ဆွဲအိတ်ကိုကိုင်
ကာ ကားပါကင်ဆီကိုထွက်လာခဲ့သည်။

" ဒီနေ့တော့ ကျွန်တော်အဆင်မပြေလို့
hyungဘဲ ရုံးဝင်ပေးပြီးကူညီပေးပါဦးဗျာ "

"...... "

" ဒါဆို...ကျေးဇူးပါဘဲနော်hyung"

"......"

စိတ်အခြေအနေသိပ်မကောင်းတာမို့ညနေ
ရုံးဝင်မဲ့ကိစ္စကို အသိအကိုရှေ့နေတယောက်
ဆီသာ လွှဲလိုက်တော့သည်။

ကားထဲဝင်ပြီး ကောင်းကင်ကိုကြည့်လိုက်
တော့ မိုးများအုံ့စိုင်းနေသည်။ မိုးရာသီ
မဟုတ်သော်လည်း ရာသီဥတုအခြေအနေ
များကြောင့် ရံဖန်ရံခါမိုးသည်းတတ်သည်။

ဒီလိုအချိန်ဆိုဆောင်းအအေးဓာတ်နဲ့ မိုးလေ
အေးကအသည်းနှစ်ခြမ်းကွဲအောင် ခိုက်ခိုက်
တုန်ပါဘဲ။ဒီလိုအတွေးမှာတင်ဘဲ မိုးကတဖြောက်ဖြောက်နဲ့ စတင်လာတော့ taehyung သက်ပြင်းချရင်း ကားလေးက
ရပ်ဝန်းတခုဆီကို ဦးတည်လိုက်သည်။
.
.
.
.
.
.
.
.
.
.
.
.
.
" အား!!! ဟိုမှာjeon jung kookဘဲ "

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

A broken StoryWhere stories live. Discover now