Page-One

144 17 2
                                    

အုန့်မှိုင်းနေသောမိုးရာသီရဲ့အစဟာထင်သလောက်သာယာမနေခဲ့ချေ။သိပ်ကိုဆိုးရွာခဲ့တယ်လို့ဆိုပိုမှန်မည်

နာရေးခန်းမကြီးရှေ့၌သူခပ်ဆွေးဆွေးပြုံးလိုက်မိသည်။ထွက်ခွာချိန်တန်ရင်ထွက်ခွာရတာဟာလောကဓံဘဲဆိုတာ‌ေတာ့သူသိတာ‌ေပါ့။ဒါပေမဲ့...ဒါပေမဲ့ငါးနှစ်သာရှိနေသေးသောကလေးငယ်ကိုအစောကြီးခေါ်စောင်သွားတဲ့ဘုရားသခင်ဟာရက်စက်လွန်းရာကျမနေဘူးလား။ဓာတ်ပုံထဲရှိကလေးငယ်လေးကတော့အပူအပင်ကင်းမဲ့စွာပြုံးပြနေလျှက်၊ခပ်သေးသေးပါးချိူင့်ခွက်လေးများပေါ်နေသည်အထိပင်

"သားသားလေး...ပါးပါးတောင်းပန်ပါတယ်နော်ပါးနတ်သားလေး။သားလေးပါးပါးဆီပြန်လာခဲ့ရင်ကောင်းမှာဘဲကလေးရယ်"

ကိုယ့်၀မ်းနဲ့လွယ်ထားသောကလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရသည့်ခံစားချက်ဟာသူ့ရင်ထဲအပြည့်အ၀ယူလို့ထားပေပါသည်။သူ့သားလေး၏ဓာတ်ပုံအားပိုက်ကာနာရေးခန်းရဲ့ထောင့်စွန်းနားလေးတွင်တိတ်ဆိတ်နေလျှက်။သူဘာတွေတွေးတောနေလဲတော့မည်သူမှသိနိုင်ချေမဟုတ်မည်

"သနားပါတယ်နော်...သူ့ကလေးကိုဆုံးရှုံးလိုက်ရတော့အရမ်း၀မ်းနည်းနေရှာမှာ"

"ဟုတ်ပအေကောင်လေးကအရမ်းခံစားရမှာ"

နာရေးကိုလာသည့်အသက်ခပ်ကြီးကြီးအမျိူးသမီးကြီးများ၏စကားသံများဟာလဲနားထဲတစ်ခါတစ်ခါ၀င်၀င်ရောက်လာလေသည်

"အိမ်ကအပြာရောင်နှင်းဆီတွေတောင်ပါးပါးသားလေးမရှိလို့ညိုးနွမ်းကုန်လေပြီရယ့်သားရယ်"

"ဂျယ်ယွန်းဧည့်သည်တွေတော့ပြန်ကုန်ကြပြီ"

"ကောင်းတာပေါ့အကိုရယ်သားကတိတ်ဆိတ်တာကိုကြိုက်တဲ့ကလေးလေ"

"ကိုယ့်ကိုကြည့်ဂျယ်ယွန်း...ရယ်ဂျွန်းလေးကလေနတ်သားလေးမဟုတ်လား?သားလေးကလေနတ်သားလေးအဖြစ်ကိုယ်တို့ဘေးမှာရှိနေပေးမှာ"

ဟီဆွန်းလဲဖြေသိပ်၍မရအောင်ပင်၀မ်းနည်းတာပေါ့သို့ပေမဲ့သူငိုလို့မရ။သူသာငိုလိုက်ရင်ဂျယ်ယွန်းပို၍ခံစားရလေမည်မဟုတ်လား။မျက်ရည်များအားတင်းထားရသောမျက်လုံးနှစ်စုံဟာလဲအနည်းငယ်ပင်နီရဲလို့နေသည်

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

CelestineWhere stories live. Discover now