အုန့်မှိုင်းနေသောမိုးရာသီရဲ့အစဟာထင်သလောက်သာယာမနေခဲ့ချေ။သိပ်ကိုဆိုးရွာခဲ့တယ်လို့ဆိုပိုမှန်မည်
နာရေးခန်းမကြီးရှေ့၌သူခပ်ဆွေးဆွေးပြုံးလိုက်မိသည်။ထွက်ခွာချိန်တန်ရင်ထွက်ခွာရတာဟာလောကဓံဘဲဆိုတာေတာ့သူသိတာေပါ့။ဒါပေမဲ့...ဒါပေမဲ့ငါးနှစ်သာရှိနေသေးသောကလေးငယ်ကိုအစောကြီးခေါ်စောင်သွားတဲ့ဘုရားသခင်ဟာရက်စက်လွန်းရာကျမနေဘူးလား။ဓာတ်ပုံထဲရှိကလေးငယ်လေးကတော့အပူအပင်ကင်းမဲ့စွာပြုံးပြနေလျှက်၊ခပ်သေးသေးပါးချိူင့်ခွက်လေးများပေါ်နေသည်အထိပင်
"သားသားလေး...ပါးပါးတောင်းပန်ပါတယ်နော်ပါးနတ်သားလေး။သားလေးပါးပါးဆီပြန်လာခဲ့ရင်ကောင်းမှာဘဲကလေးရယ်"
ကိုယ့်၀မ်းနဲ့လွယ်ထားသောကလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရသည့်ခံစားချက်ဟာသူ့ရင်ထဲအပြည့်အ၀ယူလို့ထားပေပါသည်။သူ့သားလေး၏ဓာတ်ပုံအားပိုက်ကာနာရေးခန်းရဲ့ထောင့်စွန်းနားလေးတွင်တိတ်ဆိတ်နေလျှက်။သူဘာတွေတွေးတောနေလဲတော့မည်သူမှသိနိုင်ချေမဟုတ်မည်
"သနားပါတယ်နော်...သူ့ကလေးကိုဆုံးရှုံးလိုက်ရတော့အရမ်း၀မ်းနည်းနေရှာမှာ"
"ဟုတ်ပအေကောင်လေးကအရမ်းခံစားရမှာ"
နာရေးကိုလာသည့်အသက်ခပ်ကြီးကြီးအမျိူးသမီးကြီးများ၏စကားသံများဟာလဲနားထဲတစ်ခါတစ်ခါ၀င်၀င်ရောက်လာလေသည်
"အိမ်ကအပြာရောင်နှင်းဆီတွေတောင်ပါးပါးသားလေးမရှိလို့ညိုးနွမ်းကုန်လေပြီရယ့်သားရယ်"
"ဂျယ်ယွန်းဧည့်သည်တွေတော့ပြန်ကုန်ကြပြီ"
"ကောင်းတာပေါ့အကိုရယ်သားကတိတ်ဆိတ်တာကိုကြိုက်တဲ့ကလေးလေ"
"ကိုယ့်ကိုကြည့်ဂျယ်ယွန်း...ရယ်ဂျွန်းလေးကလေနတ်သားလေးမဟုတ်လား?သားလေးကလေနတ်သားလေးအဖြစ်ကိုယ်တို့ဘေးမှာရှိနေပေးမှာ"
ဟီဆွန်းလဲဖြေသိပ်၍မရအောင်ပင်၀မ်းနည်းတာပေါ့သို့ပေမဲ့သူငိုလို့မရ။သူသာငိုလိုက်ရင်ဂျယ်ယွန်းပို၍ခံစားရလေမည်မဟုတ်လား။မျက်ရည်များအားတင်းထားရသောမျက်လုံးနှစ်စုံဟာလဲအနည်းငယ်ပင်နီရဲလို့နေသည်