Part 14

1.2K 48 7
                                    

Unicode

ထန်တိုင်း၏ ကားလေးသည် အရှိန်ပြင်းစွာဖြင့် လားရှိုးဘက်သို့ ညတွင်းချင်းဆင်းနေသည်။ သူ့နောက်တွင်တော့ လင်းစစ်တို့ကားတစ်စီးက ထပ်ကြပ်မခွာလိုက်လာလေသည်။

" အဲ့လိုအပြင်ပြေးထွက်သွားတာ ဘယ်လောက်အန္တရာယ်များလဲသိလား "

" ကိုလေးကတွေ့သွားတာကို အဲ့ဒါ ခင်ဗျားကြောင့် "

စူပုပ်ပုပ်နှင့် ရှန်တသည် ထန်တိုင်းအား လက်ညိုးတထိုးထိုးပြောလိုက်သည်။

နောက်ကြည့်မှန်မှတဆင့် boss ဖြစ်သူနှင့် သူ၏အနာဂတ် အဟမ်း တစ်စုံတစ်ယောက်ဖြစ်လာနိုင်သည့်သူကို စိုင်းမော်မသိမသာ သိသိသာသာ လှမ်းကြည့်လိုက်သည်။

လိုက်သားဘဲ အဟိ ။

ရှန်တ၏ဘေးမှလူမှာသူ့အားစကားပြန်မပြော ။
မှောင်မည်းနေသော ကားအပြင်ဘက်ကိုသာ စိတ်ဝင်တစားငေးကြည့်နေပြီး သူ့အားစကားပြန်မလာ။
အယုတ်တမာကောင် စောက်ကြီးစောက်ကျယ်ကောင် ။ စိတ်ထဲပြစ်ပြစ်နှစ်နှစ် ဆဲဆိုနေပြီး အသက်ဟူသော အရာကြီးကို ရုတ်တရက်သတိရသွားသည်။

" ဟိုဟာ ခင်ဗျားအသက်ဘယ်လောက်လဲ "

" 5.8.1997 "

" အဟား ကျွန်တော်နဲ့ date တူတာဘဲ month နဲ့ year ဘဲလွဲပေမယ့်ပေါ့ "

Fuck ! 8 နှစ်ကြီးတောင်ကွာတာဟ

" ငါမင်းအကိုထက်တောင်ကြီးတယ်မလား "

" ဟုတ်တယ် ခင်ဗျားနဲ့ကျွန်တော်နဲ့က 5ရက်နေ့ born တွေဘဲ အတိတ်ကညီအကိုတော်ခဲ့တာဖြစ်မယ် ဟီး ကျွန်တော်က 7လပိုင်း 2005 လေ "

" အသက်ပြည့်ပြီးလို့ တော်သေးတာပေါ့ ငါ သက်ငယ်မှုတော့ မဖြစ်ချင်ဘူး "

*ီးကို သက်ငယ် စိတ်ကောင်းဝင်နေရင် ထရော်မာကို ထထဖော် ။

စကားတွေတရစပ်များနေသော သူ့ဘေးက သာလိကာမှာ ထိုညကအကြောင်းနှင့်ဆိုင်သော အရာကို ပြောလိုက်တာနှင့် မီးကိုရေနှင့်ပက်သကဲ့သို့ ငြိမ်ကျသွားသည်။

ဘာဖြစ်ဖြစ်ကောင်းတယ် ။ နားပူသက်သာတာပေါ့။

" ဒါနဲ့ ကျွန်တော် အဆူခံရတော့မယ် ကိုလေးကို လိမ်ထားတာ ပေါ်သွားတာ "

My Fascinated Man(ongoing)Where stories live. Discover now